spot_imgspot_imgspot_imgspot_img
Saturday, August 2, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အရှေ့ဘက်ရှိ စစ်ရှောင်စခန်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ ၄၇ ဦးထိရှိလာ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်အရှေ့ဘက်ရှိ စစ်ရှောင်စခန်းမှာ ဒီကနေ့ သြဂုတ်လ ၁၄ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၇ ဦးတွေ့ရှိထားတယ်လို့ စစ်ရှောင်စခန်းက ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ ဒေါက်တာတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ ပြင်းထန်လူနာ နှစ်ယောက်ရှိနေပြီး ကျန်လူတွေကတော့ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းကို အသွားအလာကန့်သတ်ထားလိုက်ပြီး အတည်ပြု လူနာတွေကို သီးသန့်အဆောင်မှာ ထားရှိကုသနေတယ် လို့သိရပါတယ်။

ကိုဗစ်ရောဂါလက္ခဏာပြသူတွေကို RTP Tesk Kit တွေနဲ့စစ်ဆေးနေပေမယ့် ရောဂါလက္ခဏာမပြတဲ့ သူတွေကို မစစ်ပေးနိုင်ဘူးလို့ ဒေါက်တာတစ်ဦးက ပြောပါတယ်။

” RTP Tesk Kit တွေရဲ့ အားနည်းချက်တစ်ခုကတော့ လက္ခဏာမပြတဲ့လူနာတွေဆိုရင် positive ပြဖို့ change နည်းနည်းနည်းတယ်။ positive ပြချင်မှပြတယ်။ အဲ့ခါကျတော့ ရှိသမျှလူအားလုံးကိုစစ်ဖို့အတွက်ဆိုရင် ကျနော်တို့မှာ လူအင်အားလည်းမလောက်ဘူး။ ပစ္စည်းလည်းမလောက်ဘူး။ လောက်ခဲ့သည်ရှိရင်လည်း လက္ခဏာမပြရင်လည်း negativeပြနေမှာပဲလေ။အဲ့ဒီတော့ Camp ထဲမှာရှိတဲ့လူတွေအားလုံး အစုတွေကို Verify လုပ်ထားရတယ်ပေါ့နော။ နှာစေးတာတို့ ကိုဗစ်နဲ့တူတဲ့ လက္ခဏာတွေ အကုန်ပေးထားတယ်ပေါ့နော။ ဒါနဲ့ တစ်ချက်တစ်ချက်တူတဲ့လက္ခဏာတွေရှိရင် ကျနော့ဆီလာစစ်လို့ရတယ်ပေါ့နော။ အကုန်လုံးပေါ့နော။ တစ်နေ့ကို ဘယ်နှနာရီကနေ ဘယ်နှနာရီ သတ်မှတ်ပြီးတော့ အဲ့လိုပဲ အချိန်နဲ့ပဲ ပြန်စစ်ပါတယ်။ ”လို့ ဒေါက်တာက ပြောပါတယ်။

စစ်ရှောင်ပြည်သူတစ်ဦးက စစ်ရှောင်စခန်းမှာ ကိုဗစ်ပိုးတွေ့ပေမယ့် ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာနေတယ်လို့ ပြောပါတယ်။

”စိုးရိမ်မှုတွေရှိလားဆိုတော့ စိုးရိမ်မှုတွေရှိတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ဆီမှာ CDM လုပ်တဲ့ ဆရာဝန်ကြီးနှစ်ယောက်ရယ် CDM ဝန်ထမ်း ၅ယောက်ရယ် ဆေးဝန်ထမ်းတွေရှိနေတယ်ပေါ့နော။ သူတို့အစီအစဥ်တွေနဲ့ သွားနေတော့ အဆင်ပြေတယ်ပြောရမှာပေါ့။ ” လို့ သူက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ လူဦးရေ ၃ထောင်နီးပါးရှိနေပြီး လွန်ခဲ့တဲ့ ၃လက ဖွင့်လှစ်ခဲ့တာပါ။ သြဂုတ်လ ၄ရက်နေ့မှာ ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ပြီး ပိုးတွေ့သူအများစုက လူငယ်ပိုင်းတွေဖြစ်တယ်လို့ သိရပါတယ်။

spot_img