spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

ဒေါဆိုဖျရွာသစ် မူလတန်းကျောင်းခွဲတွင် ကျောင်းဆောင်မရှိသည့်အတွက် အခက်အခဲဖြစ်နေ

Author

Date

Category

ခူးဖရဲရယ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို ့ ဒေါဆိုဖျရွာသစ်တွင် အခြေခံပညာမူလတန်းယာယီကျောင်းခွဲကို တည်ဆောက်ပြီးစီးသော်လည်း မူလတန်းကျောင်းသူ/သားများအားလုံး တက်ရောက်သင်ကြားနိုင်သည့် ကျောင်းဆောင်မရှိသောကြောင့် အခက်အခဲများရှိနေသည်ဟု ဒေါဆိုဖျကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမီရယ်က ပြောသည်။

ဒေါဆိုဖျရွာသစ်ရှိ ယာယီကျောင်းတွင် ကျောင်းဆောင်အခက်အခဲရှိသည့်အတွက် Kg တန်း ၊ ပထမတန်း ၊ ဒုတိယတန်းများသာ ပညာသင်ကြားနိုင်ပြီး စတုတ္ထတန်းနှင့် တတိယတန်းကျောင်းသူ/သားများက ရွာဟောင်းသို့ သွားတက်နေကြရသည်။

“မိုးရွာသီဆို ပိုဆိုးတယ်မိုးလည်းမလွတ် လေလည်းမလွတ် အဲလိုမျိုးလေး။ မိုးရွာလိုက်ရင် ကလေးတွေက ထိုင်ဖို့နေရာမရှိဘူး။ စာသင်ကျောင်းက ကျောင်းနဲ့မတူဘူး၊ ပြီးတော့ ကလေးအတွက်လည်း အန္တရာယ်ရှိတယ်။ စာသင်ခန်းအဆင်မပြေဘူးဆိုတော့ သူတို့လည်း စာကို စိ်တ်ဝင်စားမှု အားနည်းလာတယ်” ဟု ဆရာမတစ်ဦးက ပြောသည်။

ရွာဟောင်းတွင် ကျောင်းရှိနေသော်လည်း ကလေးများအတွက် သွားလာရန် အခက်အခဲရှိသောကြောင့် ရွာသစ်တွင် ယာယီကျောင်းကို ဆောက်လုပ်ပြီး ကျောင်းတက်နေခဲ့ကြခြင်းဖြစ်သည်။

ရွာဟောင်းရှိကျောင်းသို့သွားလာရန် အချိန် ၃ဝ မိနစ် ကြာပြီး သွားလာရန် ဆိုင်ကယ်များ နှင့် စက်ဘီးများ မရှိခြင်းကလည်း သူငယ်တန်းတက်နေသော ကလေးငယ်များ၏အတွက် ကျောင်းသွားရန် ခက်ခဲခဲ့ရသည်။

ရွာသစ်တွင် ဆောက်လုပ်ထားသည့် ယာယီစာသင်ကျောင်းကို အလျားပေ ၆ဝ အနံပေ ၃ဝ ရှိ အုတ်မြစ်ကျောင်းတည်ဆောက်ရန် ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် ၊ ၂၀၁၆ ခုနှစ်တွင်တစ်ကြိမ် အစိုးရထံတင်ပြ ထားပြီးဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမီရယ်က ပြောသည်။

“သူတို့ဘက် က မလုပ်နိုင်တာတော့မဟုတ်ဘူး။ သူတို့က ဘတ်ဂျက်နည်းတော့ နတလ ဘက်မှာ တင်ခိုင်းတယ်။ အဲလိုမျိုးဖြစ်တယ်။ အခုလာဆောက်ပေးတဲ့ Kg စာသင်ဆောင်က တက်လာတဲ့ အစိုးရသစ် ရဲ ့လွတ်တော်ကနေမှ ကျပ်သိန်း ၄၂ သိန်း ချထားပေးတာ ဖြစ်တယ်” ဟု ဦးမီရယ်က ပြောသည်။

ယာယီအခြေခံပညာမူလတန်းကျောင်းမှာ ဒီးမော့ဆို-ဒေါတမကြီးသွားသည့်လမ်းမကြီးဘေး၊ ဒေါဆိုဖျရွာသစ်တည်ထားသည့်နေရာတွင် ရှိပြီး ရွာဟောင်းတွင်လည်း ယခင်ကတည်းက အုတ်ဖြင့်တည်ဆောက်ထားသည့် ကျောင်းတစ်ကျောင်းရှိခဲ့သည်။

ရွာဟောင်းတွင် စာသင်၍ရသည့်ကျောင်းရှိသော်လည်း လူအများစုမှာ ရွာဟောင်းတွင်မနေကြတော့ဘဲ ရွာသစ်တွင်သာ နေထိုင်ကြသည့်အတွက် ရွာသစ်တွင်ကျောင်းသူ/သားအားလုံးတက်ရောက်နိုင်သည့် ကျောင်းဆောင် လိုအပ်နေကြခြင်းဖြစ်သည်။

ရွာသစ်တွင် ပြောင်းရွေ့နေထိုင်လာကြရခြင်းမှာ လွန်ခဲ့သော ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က နေအိမ် ၇၁ အိမ်မီးလောင်မူ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်။

၂၀၁၆ -၁ရ ပညာသင်နှစ်တွင် ပြည်နယ်အတွင်း စာသင်ကျောင်းဆောင်သစ်ပေါင်း ၇ဝ ကို တည်ဆောက်ရန် ကျပ်ငွေသန်းပေါင်း ၂၀၂ဝ ဒဿမ ၅ သန်းထိ လျာထားခဲ့ပြီးဖြစ်ကြောင်းလည်း ပြည်နယ်ပညာရေးမှူး ရုံးမှ သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်များ မူလတန်း ကျောင်းခွဲ အဆင့်ရှိသည့် ကျောင်းများ၌သာလျှင် ချပေးသွားမည်ဖြစ်သော်လည်း ဒေါဆိုဖျရွာသစ် မူလတန်းကျောင်းခွဲ ဆောက်မဆောက်ကိုမူ ယခုချိန်ထိ မသိရသေးပေ။

spot_img
spot_img

Recent posts