spot_imgspot_imgspot_imgspot_img
Sunday, July 13, 2025
spot_imgspot_imgspot_imgspot_img

ဖမ်းဆီးခံထားရတဲ့ ဘောလခဲ မြို့နယ် နဲ့ ခရိုင် NLD ပါတီ ခေါင်းဆောင်၄ ဦး ပြန်လွှတ်လာ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘောလခဲမြို့နယ် နဲ့ ဘောလခဲခရိုင် NLD ပါတီ ခေါင်းဆောင် ၄ ဦး ကို ယခုည (ဖေဖော်ဝါရီလ ၁ ရက်နေ့ ည) ၈ နာရီမှာ ပြန်လွတ်ပေးလိုက်တယ်လို့ ဘောလခဲမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“လာပို့ပေးတာ.ဗျူဟာမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက ပို့ပေးတာ” လို့ ပါတီက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယနေ့မနက် ၂နာရီခွဲဝန်းကျင်လောက်မှာ စပြီး ပါတီခေါင်းဆောင်းတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ ပြုလုပ်ခဲ့တာပါ။

” ၄ယောက်လုံးတော့ ပြန်လွတ်လာကြပြီ.အားလုံး ကောင်းကောင်းမွန်မွန်နဲ့ ဘာမှထိခိုက်မှု မရှိဘဲ ပုံမှန်အတိုင်းပါပဲ.” လို့ ပါတီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပါတီခေါင်းဆောင်တွေကို ဘောလခဲ အခြေချ စစ်ဗျူဟာ စခန်းမှာ ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ NLD ပါတီခေါင်းဆောင်တွေကတော့ ဘောလခဲ ခရိုင် NLD ပါတီ ဥက္ကဌ ဦးခင်မောင်၊ ခရိုင်အလုပ်အမှူဆောင်အဖွဲ့ဝင် ဦးသန့်ဇင်ထွန်း၊ ဘောလခဲမြို့နယ် NLD ပါတီ ဥက္ကဌ ဦးစိုင်းကြီးနဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝဏထွန်းတို့ ဖြစ်ပါတယ်။

ဒါအပြင် ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်က NLD ပါတီခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားရာကနေ ပြန်လွတ်ပေးဖို့ ရှိနေတယ်လို့ ဘောလခဲမြို့နယ် NLD ကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦး ရဲ့ facebook စာမျက်နှာမှာ ရေးသားထားတာကိုတွေ့ရပါတယ်။

spot_img

Recent posts