၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ဆက်လက်သွားနိုင်သည်ဟု ၂၁ ပင်လုံညီလာခံအတွင်း တပ်မတော်ဘက်မှ ပြောဆိုတင်သွင်းခဲ့ခြင်းအပေါ် တိုင်းရင်းသားများမှ လက်မခံနိုင်ကြောင်းနှင့် ၂၀၀၈ ဥပဒေကို ပြင်ဆင်     သင့်ကြောင်း ပြောဆိုလိုက်သည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဌ ခူဦးရယ်က ၂၀၀၈ ဖွဲ့စည်းပုံထက် အတူတကွ လက်တွဲနိုင်သည့် ကိစ္စရပ်များနှင့် ဖက်ဒရယ်ကို တည်ဆောက်လိုသည်ဟု ဆိုလိုက်သည်။ ခူဦးရယ်က “ကျနော်ကတော့ ၂၀၀၈ကိုလည်း မဝေဖန်ချင်ဘူး။ ကျနော်တို့ သွားချင်တဲ့ ဖက်ဒရယ်ပုံစံမျိုးကိုပဲ ပြောကြတာ ကောင်းမယ်ထင်တယ်။ သူ့ဟာမကောင်းဘူး ကိုယ့်ဟာမကောင်းဘူးလို့ ပြောရင်တော့ ဘယ်တော့မှ ဆုံးမှာမဟုတ်ဘူး။ အားလုံး သဘောတူ လက်ခံနိုင်တဲ့ အခြေခံဥပဒေတစ်ခုကိုပဲ ကျနော်တို့ စဉ်းစားပြီး ရေးဆွဲကြတာတော့ […]

သူဌေးတွေအတွက် ထမင်းဟင်းချက်တဲ့ မီးဖိုဆောင်ခန်းလောက် အခန်းငယ်လေးတစ်ခန်းထဲမှာ မိသားစုခြောက်ယောက် နေထိုင်နေကြပါတယ်။ သူတို့တွေကတော့ ပိုလီယိုရောဂါရှိလို့ လမ်းမလျှောက်နိုင်တဲ့ အသက်သုံးဆယ်အရွယ်အစ်ကိုရယ်၊ ဒုကိ္ခတဘဝနဲ့နေနေရတဲ့ အသက်ငါးဆယ့်ငါးနှစ်အရွယ်အမေတစ်ယောက်ရယ်နဲ့ ကလေးသုံးယောက်ရယ်ကို ဦးဆောင်စီမံရတဲ့သူကတော့ အသက်၂ရနှစ်အရွယ်ရှိတဲ့ ဒေါ်ဆိုင်ခေါင်လေးပါ။ ဘုရားစင်၊ အိပ်ယာခင်း၊ ထမင်းအိုးဟင်းအိုး၊ အဝတ်ထုတ်တွေနဲ့ပြည့်နေတဲ့ သုံးထပ်သားခင်း အခန်းငယ်လေးတစ်ခန်းထဲမှာ မိသားစုခြောက်ယောက်နေနေရတဲ့နေရာကတော့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နယ်မြေ-၆ တိလင်-၉ရပ်ကွက်ပါ။ ဒီရပ်ကွက်ဟာ စစ်ဘေးရှောင်ပြည်သူတချို့ အိမ်လာငှားနေကြတဲ့နေရာပဲဖြစ်ပါတယ်။ သူတို့တွေဟာ ဖေဖော်ဝါရီလတုန်းက စစ်ဖြစ်တဲ့ တော့ဆန်ရွာကနေ ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းမှာ စစ်ဘေးဒုက္ခသည်အဖြစ်နေခဲ့ပြီး မွေးစကလေးငယ်တစ်လပြည့်တော့ အထက်က ရပ်ကွက်ထဲမှာ အိမ်ငှားနေခဲ့ကြတာပါ။ ဒေါ်ဆိုင်ခေါင်လေးရဲ့အမျိုးသားကတော့ တော့ဆန်ရွာမှာ အလုပ်အဆင်မပြေလို့ ထိုင်းဘက်ကို အလုပ်သွားလုပ်လိုက်တာ ကိုးလလောက်ကြာသွားပြီလို့ သိရပါတယ်။ “ အစ်ကိုက […]

ဂျပန်သံတံတားဟောင်းအနားတွင်တည်ဆောက်မည့် နှစ်လမ်းသွားသံကူကွန်ကရစ်တံတားသည် ကယားပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၈၂ဝ ဖြင့်တည်ဆောက်ခြင်းဖြစ်သည်ဟု ( မြို့ပြ/တံတားအထူး-၆ ) တာဝန်ခံဦးစီးအရာရှိ    ဦးမြင့်သူက ပြောသည်။ “ဒီတံတားက လွိုင်ကော်နဲ့ သီရိမင်္ဂလာဈေး အနားမှာရှိတဲ့အတွက် ယာဉ်အသွားအလာအများဆုံး တံတားတစ်စင်းဖြစ်တယ်။ အဲ့ဒါကြောင့် လက်ရှိတံတားဟောင်း ဂျပန်တံတားကလည်း တစ်လမ်းသွားပဲရှိတဲ့အတွက် နှစ်လမ်းသွားသံကူကွန်ကရစ်တံတားကို ထပ်ပြီးတော့ တည်ဆောက်ရခြင်းဖြစ်ပါတယ်။”ဟုပြောသည်။ လမ်းသွားလမ်းလာများသလို အချက်အချာကျတဲ့ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအနီးရှိ ဘီလူးချောင်းပေါ် တည်ဆောက်ထားသည့်(ဂျပန်သံ)တံတားသည် ခရီးသွားများ ယာဉ်ကျောကျပ်တည်းမှု ပြဿနာကို လျော့ ချ ဖြေရှင်းရန် ယင်းတံတားအနီတွင် ဘီလူး     ချောင်းဖြတ်တံတား(ရှမ်းပို်င်း) ဆောက်လုပ်သွားခြင်းဖြစ်သည်ဟုဆိုပါသည်။ ဘီလူးချောင်းဖြတ်တံတား(ရှမ်းပို်င်း)ကို ၂၀၁၇-၁ရ ဘတ်ဂျတ်နှစ် ဖြင့် ၂၀၁၆ […]

ကယားအမျိုးသား စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အသစ် ပြန်လည်ရေးဆွဲသည့် ကြယ်ဖိုးကြီး အက္ခရာသုံး ကယားစာပေ သင်ရိုးညွှန်းတမ်းသစ်အား အသုံးပြု သင်ကြားရန် သဘောတူကြောင်း ကယားပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ကယားပြည်နယ် ပညာရေးမှူးမှ လက်ရှိ အစိုးရ စာသင်ကျောင်းများတွင် သင်ကြားနေသော သင်ရိုးညွှန်းတမ်းအား ကယားဘာသာသို့ပြန်ဆိုထားသည့်အတိုင်း မဟုတ်သည့်အတွက် ၎င်းအနေဖြင့် ခွင့်မပြုနိုင်ဟု တရားဝင်ပြောဆိုနေသည့်ကြားမှ ယင်းသင်ရိုးညွှန်းတမ်းအား စက်တင်ဘာလ ရ ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ အတည်ပြုလိုက်ခြင်း ဖြစ်သည်။ “လက်ရှိသင်ရိုးညွှန်းတမ်းမှာပါတဲ့ သင်ခန်းစာအချို့က ကျနော်တို့ ဒေသလူတွေမသိနိုင်ဘူးလေ။ ဥပမာ ဓ ဓနိတန်း ပင်လယ်ကမ်း အဲ့လိုမျိုးတွေက ဒီကလူတွေအတွက် မသိနိုင်ဘူလေ။ ဒေသနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးပြန်ဆွဲလိုက်တာ။”ဟု ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး […]