မူအက်စတာ ကယားပြည်နယ်ရှိ တောင်သူအများစုသည် ပြည်နယ်စိုက်ပျိုးစရိတ်ချေးငွေများ ချေးယူပြီး ဆန်စပါး၊ ပြောင်း၊ပဲ၊ နှမ်းစသည်တို့ စိုက်ပျိုးလျက်ရှိကြရာ ယခုနှစ်တွင် တောင်သူအများအပြား ပြောင်းများစိုက်ပျိုးကြသည့် တောင်သူများ ချေးငွေဆပ်နိုင်ရန် အခက်အခဲရှိသည်ဟု ပြောင်းစိုက်တောင်သူများက ပြောဆိုနေကြသည်။ ကယားပြည်နယ်မှ ပြောင်းစိုက်တောင်သူများသည် ရှမ်းပြည်တောင်ပိုင်းရှိ ရေဖြူကျေးရွာတွင် ပြောင်းအများအပြား သွားရောက်စိုက်ပျိုးကြသည့် ထီးသဲကလိုးကျေးရွာမှ မောင်မေဂျွန်က “ကျွန်တော်တို့ ဒီနှစ် ပြောင်းဖူးတစ်ခင်းလုံးစိုက်ထားတယ်၊ ဈေးကမရှိဘူး၊ ဒီပုံစံအတိုင်း ဆက်ဖြစ်နေမယ် ဆိုရင်တော့ အမတော်ကြေးပြန်ဆပ်နိုင်မှာ မဟုတ်ဘူး၊ ဘယ်လိုလုပ်ရမလဲ မသိပါဘူး” ဟု ပြောသည်။ သို့သော်ယခုချိန်ထိ ပြောင်းများကို သိုလှောင်ထားနေရဆဲဖြစ်သည်။ ချေးငွေကို ယခုလို သီးနှံပေါ်ချိန် တွင်ပြန်ဆပ်ရသည်ဟုသိရသည်။ တစ်ဖက်တွင်လည်း ချေးငွေပြန်ဆပ်ရမည့်အချိန်တွင် ချေးငွေမဆပ်သည့်တောင်သူများရှိပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ […]

စိုင်းလင်းလင်းဦး ကယား(ကရင်နီ) ပြည်နယ်အတွင်း ဖြန့်ဖြူးလျှက်ရှိသော သောက်ရေသန့်တံဆိပ် အမျိုးအမျိုးအနက် ထောက်ခံချက်မရှိသော ရေသန့်အမှတ်တံဆိပ်အချို့မှာ စားသုံးသူပြည်သူများအကြား ဖြန့်ဖြူးရောင်းချလျှက်ရှိနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးအရာရှိ ဒေါက်တာစုသီရီနှင်းက ပြောသည်။ “ဖြန့်ဖြူးခွင့်မရှိဘူး။ ထောက်ခံချက်မရှိလို့ရှိရင် ဖြန့်ဖြူးလို့မရဘူး။ ဒီမှာ လက်တလောကတော့ ထောက်ခံချက်ထုတ်ထားပေးတာ ၄ ခု” ဟု ဒေါက်တာစုသီရီနှင်းက ပြောသည်။ ထောက်ခံချက်မရှိသော ဈေးကွက်၌ ဖြန့်ဖြူးလျှက်သည့် သောက်ရေသန့်အမှတ်တံဆိပ်များကို အရေးယူရန် ကယားပြည်နယ် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးကော်မတီ၏ ကွင်းဆင်းစစ်ဆေးခြင်းနှင့် သတ်မှတ်ထားသော စံနှုန်းနှင့် ကိုက်ညီမှုမရှိပါက အစည်းအဝေးခေါ်ယူ စုံစမ်းစစ်ဆေးပြီးမှသာ ဆုံးဖြတ်မည်ဟု ဆိုပါသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိဘဲ ရေသန့်စက်မှထုတ်လုပ်သော ရေသန့်များကို မသောက်သုံးရန် ကယားပြည်နယ်စားသုံးသူ […]

ကန္တာရဝတီတိုင်း(မ်) နှစ်တစ်နှစ်ရဲ့ နှစ်ကူးပြီး ဇန်နဝါရီလ စတင်ချည်းကပ်ဝင်လာတာနဲ့ ကယား(ကရင်နီ)ပြည်နယ် ပြည်သူပြည်သားတွေ၊ လူငယ်တွေ ရဲ့စိတ်ဝင်စားမှုတွေကတော့ ကယားဒေး ပွဲဆိုတာပါဘဲ။ ကယားဒေး ခေါ် ကယားပြည်နယ်နေ့ဟာ သမိုင်းကိုချည်ပြီး အစကနေ ပြန်မပြောလိုတော့ပါဘူး။ ဒီလိုပွဲနေ့ရောက်တိုင်း တစ်ပြည်နယ်လုံးမှာ ရှိနေကြတဲ့ဒေသခံတွေ အပါအဝင် ရပ်ဝေး ၊ ရပ်နီးက သူတွေအားလုံးက လာရောက်လည်ပတ်ကြတဲ့ စည်ကားနေတဲ့ ပွဲတော် အစဉ်အလာတခုဖြစ်နေပါတယ်။ နိုင်ငံကျော်အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲတွေ ၊ တိုင်းရင်းသားအကရိုးရာပြိုင်ပွဲတွေ ၊ အားကစားပြိုင်ပွဲတွေနဲ့ ဈေးဆိုင်တန်းတွေ ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဒီလို နေ့ချိန်ခါရောက်တိုင်း တစ်ပတ်ဆယ်ရက်အကြာ ကျင်းပနေတာဆိုရင် အခု ၆၅ နှစ်မြောက် လျက်ရှိနေခဲ့ပါပြီ။ သို့ပေမယ့် ယခုချိန်အထိ ဒီလို ခန်းနားစည်ကားတဲ့ပွဲတော်က […]

မူအက်စတာ “တက်…………..တက်………….တက်……..” ဆိုတဲ့ ကြေးကွင်းတွေကို သံချောင်းသေးသေးလေးတစ်ချောင်းနှင့် ဖျောက်လိုက် ၊ ကောက်လိုက် ထုနေတဲ့ အသံက ဖရူဆိုမြို့နယ် ထေခိုကျေးရွာရှိ ကယောမျိုးနွယ်စု အိမ်တအိမ်က ထွက်လာတဲ့ အသံဖြစ်ပါတယ်။ ကြေးချောင်းတွေကို အရစ်ဖော်လိုက်၊ ကောက်လိုက်၊ ကွင်းလိုက်နဲ့ တစ်ယောက်တည်း အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်လေးနဲ့ အလုပ်ရှုပ်နေတဲ့သူက ထေခိုရွာက အဖွားဒေါ်မိုရေးအူပဲ ဖြစ်ပါတယ်။ အဖွား ဒေါ်မိုရေးအူဟာ ကယောလူမျိုးဖြစ်ပြီး ဆံပင်တွေဖြူ၊ သွားတွေ လေးငါးချောင်း၊ ပါးရည်တွေတွန့်တွဲနေပါပြီ။ အဖွားရဲ့ကတော့ အသက်(၇၀)ကျော် ရှိနေပေမယ့်လို့ ဘယ်အချိန်ဘဲမြင်မြင် ကြည့်ကောင်းနေဆဲပါဘဲ။ အဖွားဒေါ်မိုရေးအူဟာ သားသမီး၊ မြေး၊မြစ်တွေ ရှိနေပေမယ့်လည်း သူတို့တွေဟာ အချိန်တန် အရွယ်ရောက်လာတော့ အိုးအိမ်အသစ်တွေ ထူထောင်ပြီး အိုးသစ် အိမ်သစ်တွေနဲ့ […]

မူအက်စတာ ယခုနှစ်နွေရာသီတွင် ရေများပိုခမ်းလာနိုင်ဖွယ်ရှိသောကြောင့် ရေပေးဝေရသည့် ကျေးရွာများမှာ ပိုများလာကြောင်း လွိုင်ကော်ခရိုင် ကျေးလက်ဦးစီးဌာနမှ သိရသည်။ “ဒီနှစ် ရာသီဥတုပိုဖောက်ပြန်မယ်၊ မိုးပိုခေါင်လို့ ရေပေးဝေရတဲ့ရွာက ပိုများတယ်” ဟု ခရိုင်ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါသည်။ ကျေးလက်ဦးစီးဌာနမှ ၎င်းတို့ ဌာနစဖွင့်ခဲ့သည့်နှစ်မှ စတင်၍ ပြည်နယ်တွင်းရေရှားပါးသည့် ကျေးရွာများသို့ ရေများပေးဝေလျှက်ရှိခဲ့သည်။ ယခုနှစ်တွင်လည်း ကျေးလက်ဦးစီးဌာနမှ ရေရှားသည့် ကျေးရွာများသို့ ရေများပေးဝေရန် အစီအစဉ်ရှိနေသည်။ သို့သော် ယခုနှစ်တွင် ရေပေးဝေရသည့် ကျေးရွာစာရင်းမှာ ပိုများလာကြောင်း သိရသည်။ အချို့ကျေးရွာများကို နွေရာသီဝင်ဝင်ချင်း မတ်လတွင် သွားရောက်ပေးဝေရန်ရှိပြီး အချို့ကျေးရွာများကို ဧပြီလမှသာ သွားရောက်ပေးဝေရန် စီစဉ်နေကြောင်း သိရသည်။ လွိုင်ကော်ခရိုင်တွင်းရှိ မြို့နယ်များမှ ရှားတောမြို့နယ်သာလျှင် ရေပေးဝေရန် […]