မူအက်စတာရေးသားသည်။ ပစ္စည်းများ ဝယ်ယူခြင်းနှင့် လုပ်ငန်းများအတွက် ဘတ်ဂျက်လျာထားတောင်းခံရာ၌ စည်းစနစ်တကျ မရှိသည့်အပြင် အသုံးစရိတ်များကို ဖေါင်းပွနေသည့် ကယားပြည်နယ်ယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရေးစီမံခန့်ခွဲသုံးစွဲနေမှုကို လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ဝေဖန်လိုက်သည်။ ယင်းကဲ့သို့ စည်းမဲ့ကမ်းမဲ့အပြုအမှုမျိုး ထပ်မံပြုလုပ်လျှင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက သတိပေးထားသည်။ ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာ၌ နမော်နမဲ့နိုင်သော ပြည်နယ်အစိုးရကို နောက်နောင်မပြုလုပ်ရန် ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီဥက္ကဌ ဦးသိန်းအောင်စဲရယ်က ၎င်းတို့၏ အစီရင်ခံစာဖတ်ကြားရာတွင် ထည့်သွင်းသတိပေးလိုက်သည်။ ပြည်နယ်ရန်ပုံငွေတွင် ပါဝင်သည့် ဌာန ၂၃ ခု၏ ငွေစာရင်းကို စစ်ဆေးခဲ့ရာ ဌာနအလိုက်အသုံးစရိတ် သုံးစွဲမှုများ လွန်စွာကွာဟနေသည်ဟု အဆိုပါ […]

ခူးကြူးဖဲကေး(ကရင်နီအမျိုးသား)ရေးသားသည်။ (အာချေး(အင်ဒိုနီရှား)နိုင်ငံ၏ အခြေအနေများကို လေ့လာခြင်း) ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လိုအပ်သော အခန်းကဏ္ဍများကို ဖြည့်ဆည်းရာ၌ အဓိကကျသော အချက်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၌ လက်မှတ်ထိုုးရေးဖိအားပေးယုံမျှဖြင့် ထိရောက်မှုမရှိသေးသည်ကို သိပ်မဝေးလွန်လှတဲ့ သမိုင်းဆိုင်ရာ ငြိမ်းချမ်းရေးစာချုပ်များက သက်သေထူလျှက်ရှိသည်။ ငြိမ်းချမ်းရေးကဏ္ဍ အားကောင်းလာစေရန်အတွက် လိုအပ်သော ရေခံမြေခံအကြောင်းအရင်းမှာ ယုံကြည်မှု၊ ဆက်ဆံရေးအားကောင်းမှု၊ လိုအပ်သော အမျိုးသားတန်းတူရေးရရှိရေးနှင့် အာမခံချက်ရှိသည့် နိုင်ငံရေးဆိုင်ရာ ကတိကဝတ်များပေါ်ထွန်းလာရေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံရေးလှုပ်ရှားမှုသည် အမျိုးသားရေးတန်းတူရေးအတွက် လက်နက်ကိုင်တော်လှန်ရတဲ့ အခြေအနေများကြောင့် ဖြစ်လေသည်။ ထိုအချင်းအရာကို လေ့လာရန်အင်မတန်မှ အရေးကြီးလေသည်။ ထိုကြောင့် အင်ဒိုနီရှားနိုင်ငံ၏ ဖြေရှင်းခဲ့ရပုံနဲ့ နည်းပညာအထောက်အကူပြုမှုများ၊ လူထုကာကွယ်ရေးအစိတ်အပိုင်းများ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိ်ုင်ရာ သုံးသပ်ချက်စာတမ်းများ၊ နှစ်ဖက်တပ် […]

ခူးစိုးရယ်ဦး ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပပြီးနောက်ပိုင်း ယိုယာဒေသတွင် ခရီးသွားလုပ်ငန်းနှင့် ကုန်စည်ဝန်ဆောင်မှုပေးရန် ဒေသတွင်းကုမ္ပဏီ ၁ ခုက ပြည်နယ်အစိုးရထံ အဆိုပြုတင်ပြထားကြောင်း ကယားပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောသည်။ ရင်းနှီးမြှုပ်နှံမည့် နေရာသို့ ဆွတ်ပိုင်ကုမ္ပဏီနှင့်အတူ အစိုးရဌာနဆိုင်ရာများက လာမည့် ဇွန်လ ဒုတိယအပတ်မှစ၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ရှိနေသည်။ ဒေသခံလူထုနှင့် ညှိနှိုင်းကာ လုပ်ငန်းရင်းနှီးမြှုပ်နှံမည့် နေရာသို့ ခွင့်ပြုချက်များ တောင်းခံရန် စီစဉ်နေပြီဖြစ်သည်။ ဟိုယာတိုးချဲ့မြေပေါ်တွင် မြို့နယ်စည်ပင်သာယာရေး ဈေးနှင့် ဈေးအဝင်လမ်း (၂)မိုင်၊ အဝေးပြေးကားရပ်နားစခန်းနှင့်၊ ကုန်သိုလှောင်ရုံ၊ ကုန်စည်ဒိုင်စခန်း၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဖရူဆိုမြို့ မော်သီဒိုရွာအနီးရှိ ထီးဖရူးနူးသဘာဝ လှိုက်ဂူတွင် သဘာဝ ခရီးသွားနှင့် အပန်းဖြေစခန်း၊ ဆင်ဖြူတောင်ပေါ်တွင် သဘာဝခရီးသွားနှင့် […]

လင်းသန့် ကယားပြည်နယ်အတွင်းရှိ မြို့များတွင် လိုင်စင်မဲ့ မော်တော်ယာဉ် အရေအတွက် စာရင်းကောက်ယူထားသော်လည်း ပြည်နယ်အဆင့်လိုင်စင်ပြုလုပ်ပေးနိုင်သည့် ညွှန်ကြားချက်နှင့် ဥပဒေမရှိသဖြင့် ပြုလုပ်ပေးမည်မဟုတ်ကြောင်း ကယားပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောသည်။ ဇွန်လ ၆ ရက်နေ့မှ စတင်၍ ပြည်နယ်အဝင်အထွက်ဂိတ်များတွင် ဝင်ရောက်လာမည့် လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူတော့မည်ဟု ပြည်နယ်အစိုးရက ကြေညာထားရာ လိုင်စင်မဲ့ယာဉ်အသုံးပြုသူ အများအပြားက စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။ အချို့ကမူ ပြည်နယ်အတွင်းသွားလာအသုံးပြုနိုင်မည့် အသိအမှတ်ပြုလိုင်စင်ကဲ့သို့သော အစီအစဉ်များပြုလုပ်ပေးရန် ဆန္ဒရှိသူများလည်း ရှိနေသည်။ “ပြည်နယ်လိုင်စင်လုပ်လို့ရတဲ့ ညွှန်ကြားချက်၊ ဥပဒေတွေ လိုက်ရှာကြည့်တယ်၊ တစ်ခုမှ မရှိဘူး။ အဲ့တော့ ပြည်နယ်လိုင်စင်လုပ်ပေးလို့မရပါဘူး။”ဟု လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောသည်။ ကယားပြည်နယ်အတွင်း စီးနှင်အသုံးပြုနိုင်မည့် လိုင်စင်များကို ပြုလုပ်ပေးရန် […]