ပျောက်ဆုံးသွားတဲ့ငွေတောင်ရွာဟောင်း

ဖဲဘူး အင်္ဂါနေ့နဲ့သောကြာနေ့တစ်ပတ်မှာနှစ်ရက်ရှိတဲ့ ငွေတောင်ဈေးဟာအခုဆိုရင် တဖြည်းဖြည်းနဲ့ ဈေးဆိုင်တွေများလာပြီးတော့ ဈေးသွားဈေးလာသူတွေ စည်ကားလို့နေပါတယ်။ ဈေးရဲ့ပတ်ပတ်လည်လည်ဝန်းကျင်မှာတော့ ဘာမှမရှိတဲ့ကွင်းပြင်ကျယ်ရယ်၊ သစ်ပင်တချို့တွေရယ်ပဲရှိပါတယ်။ ဈေးနဲ့ခပ်လမ်းလမ်းဘက်ကိုဆက်သွားလိုက်ရင် မြေပြင်ပေါ်မှာ အုတ်တိုင်တွေစိုက်ပြီး ခြံကာထားတာတွေလည်းမြင်တွေ့ရပါတယ်။ အဲဒီငွေတောင်ဈေးက ဒီးမော့ဆို၊ လွိုင်ကော်သွားတဲ့လမ်းမကြီးဘေး အမှတ်(၁၀၂)ခြေလျင်တပ်ရင်း၊ ငွေတောင်လို့ ရေးထားတဲ့ ဆိုင်ဘုတ်နားမှာရှိပါတယ်။ ဒီဈေးမြေနေရာတွေက ကယားပြည်နယ် ဒီးမော့ဆိုမြို့ငွေတောင်ကျေးရွာအတွင်းရှိ အမှတ် (၁၀၂) တပ်ရင်းသို့သွားရာ လမ်းဘေးဝဲယာ တစ်လျှောက် လှစ်လပ်လျက်ရှိနေတဲ့ မြေနေရာတွေဖြစ်ပြီး တပ်ကနေ ပြည်သူတွေဆီက သိမ်းထားခဲ့တဲ့ မြေနေရာဖြစ်ပါတယ်။ နိုင်ငံရေးပြောင်းလဲလာချိန်အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးအတွက် စတင်ဆွေးနွေးခဲ့ကြတဲ့ ၂၀၁၂ခုနှစ် မတ်လ နောက်ပိုင်းမှာတော့ အိမ်ခြံမြေတွေ ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ထောင်စုတွေက ဒီမြေနေရာတွေကို ပြန်လည်ရရှိလာဖို့အတွက် စတင်တောင်းဆိုလာခဲ့ကြပါတယ်။ […]

သတ္တုသန့်စင်စက်ရုံတည်ဆောက်မည့်ကိစ္စ ကော်မတီနှင့် ပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက်မှုအားနည်း

ဒွေးအယ်ခူ စက်မှုဇုန်အပိုင်း(၂)တွင် သတ္တုသန့်စင်စက်ရုံတည်ဆောက်မည့်ကိစ္စ ကုမ္မဏီကနေပြီး စီမံခန့်ခွဲရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်မှုအားနည်းရခြင်းမှာ ပြည်နယ်အစိုးရ၏ ကြားဝင်ချိတ်ဆက်ဆောင်ရွက်မှု အားနည်းတာဖြစ်သည်ဟု တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့က သုံးသပ် ပြောဆိုထားပါသည်။ တရုတ်ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်သည့် Global South Industrial Co.ltdက စက်မှုဇုန်အပိုင်း(၂) မှာလာရောက်ရင်းနှီးမြှုပ်နှံရာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်တာမရှိသည့်အတွက် ဒီဇင်ဘာ၂၁ရက်နေ့က ကယားပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမမှာ ကြားနာမှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ကုမ္ပဏီမှ စက်မှုဇုန်အပိုင်း(၂)မြေနေရာတွင် သတ္တုသန့်စင်စက်ရုံတည်ဆောက်မှာဖြစ်ပြီးရင်းနှီးမြှုပ်နှံရန်အတွက် လယ်ယာမြေတစ်ဧကကိုသိန်း(၈၀)နှင့် ၁၁၃ဧကကိုတောင်သူထံမှ ဝယ်ယူခဲ့သည်ဟု သိရသည်။ ယခုလိုဝယ်ယူသည့်အခါ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်တာ မရှိသလိုပွင့်လင်းမြင်သာမှုမရှိဘူးလို့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက ပြောပါသည်။ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးတေဇာဝင်းထွန်း “ဘယ်လိုမှားလဲ ကျနော်တို့ စီမံခန့်ခွဲရေးကော်မတီကနေတဆင့် တောင်သူတွေကို ကျနော်တို့ကလျော်ကြေးပေးရမှာ။ အခုဟာကကုမ္ပဏီကနေတိုက်ရိုက်လျော်ကြေးပေးတာလုပ်ထုံးလုပ်နည်းမှားနေတဲ့အတွက် ကျနော်တို့ကန့်ကွက်တာ”ဟု ပြောသည်။ ပြည်နယ်အစိုးရအနေနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်ရာမှာကုမ္ပဏီကစက်မှုဇုန်အပိုင်း(၂) […]

ဘဝကကြမ်းတမ်းတယ်ဆိုပေမယ့် အမျိုးသမီးတစ်ဦး ဖြစ်လာရတာ ဂုဏ်ယူတယ်

Sister Sander Lin လွိုင်ကော်မြို့မှာရှိတဲ့ ကောင်းသောသိုုးထိန်း မြန်မာဖောင်ဒေးရှင်းကျောင်းမှာ လာရောက်ခိုုလှုံနေတဲ့မော်ဘူူးမြာ (နာမည်အရင်းမဟုတ်)တစ်ယောက် သူမဘဝကို ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ပြည့်နဲ့နေပါတယ်။ မော်ဘူးမြာဟာအဘိုုး၊ မိခင်တိုု့နဲ့နေထိုုင်ပြီး ဖခင်ကဘယ်သူဘယ်ဝါမှန်းမသိခဲ့ဘူး။ စတုုတ္တတန်းအထိပညာသင်ကြားခဲ့ရတယ်။ ကျောင်းထွက်ပြီးနောက်ဝမ်းစာရေးအတွက် မိခင်ဖြစ်သူနဲ့အတူတောင်ယာဆင်း၊ လမ်းခင်းတဲ့လုုပ်ငန်းမှာ ကူညီခဲ့ရတယ်လိုု့ပြောပါတယ်။ မော်ဘူးမြာအသက်၁ဝနှစ်အရွယ်မှာတော့အဒေါ်ရဲ့ သူငယ်ချင်းကရွာကိုု အလည်လာတယ်။မိခင်ဖြစ်သူကိုုသမီးလေးတွေအတွက် ဖိနပ်လှလှလေးတွေဝယ်ပေးပြီး ရန်ကုုန်မြို့မှာကျောင်းထားပေးမယ်လိုု့ကမ်းလှမ်းပြောဆိုုတယ်။ ဆင်းရဲ့နွမ်းပါလှတာကြောင့် သမီးလေးတွေရဲ့ရှေ့ရေးအတွက်စဉ်းစားပြီး မိခင်ဖြစ်သူကလက်ခံလိုုက်တယ်လိုု့ ပြောပါတယ်။ ရန်ကုုန်ကိုု၈နှစ်အရွယ် ဝမ်းကွဲညီမလေးနဲ့သွားရတယ်။ တစ်ညခရီးသွားပြီး သူဌေးတစ်ယောက်ရဲ့အိမ်မှာထားခဲ့တယ်။ မော်ဘူးမြာတိုု့ညီအမအရမ်းကြောက်ခဲ့ရပြီ းညီမလေးကတော့တစ်ချိန်လုုံးငိုုနေတယ်။ နောက်တစ်နေ့မှာတော့ ညီမလေးကိုုတခြားနေရာကိုုခေါ်သွားတယ်။ အဲဒီနေ့ကစပြီးညီမလေးကိုု ထပ်မတွေ့ရတော့ဘူးလိုု့ ပြောပါတယ်။ ရန်ကုုန်မြို့မှာကျောင်းတက်ရမယ်လိုု့ ထင်ထားပေမဲ့အိမ်ဖော်လုုပ်ခဲ့ရတယ်။ အိမ်အလုုပ်တွေမလုုပ်တတ်တော့အမြဲတမ်း အဆူခံရပြီးတစ်ခါတလေအရိုုက်ခံရတယ်။ လုုပ်အားခလည်းတစ်ပြားမှမရခဲ့ဘူး။ မိခင်နဲ့လည်းနှစ်ခါပဲ ဖုုန်းပြောခွင့်ရခဲ့တယ်။ အိမ်ဖော်လုုပ်သက်၂နှစ်လုုံးလုုံးဟာငရဲလိုုပါပဲလိုု့မော်ဘူးမြာက ပြောပါတယ်။ လူမှုရေးတွေမှာအမြဲကူညီပေးတတ်တဲ့ အဒေါ်ဖြစ်သူဒေါ်ဂက်ဂရုက […]