ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မယ်စဲမြို့နယ်က သိမ်းယူထားတဲ့ သာသနာမြေကို NLD ပါတီ ဗဟိုကော်မတီက တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းပေးပြီး သက်ဆိုင်ရာ သာသနာအဖွဲ့ ကို ပြန်လှူပေးလိုက်ပြီဖြစ်ပါတယ်။ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် “ကျနော်တို့ က နှစ်ဖက်နဲ့ ညှိနှိုင်းလို့ အားလုံးသဘောတူလက်ခံတယ် ပြေပြေလည်လည်ဖြစ်သွားပါပြီ အားလုံးနှစ်ဖက်လုံးကလည်း ကျေကျေနပ်နပ်နဲ့ ညှိနှိုင်းမှုကိုအားလုံးကလက်ခံပါတယ်။ ကစ်သလစ်ကျောင်းတော်ကြီးက ဆရာတော်ကြီးတွေအကုန်လုံး လက်ခံပေးတဲ့အတွက် အားလုံးကျေကျနပ်နပ်နဲ့ပြီးသွားပြီလို့ဒါပဲပြောချင်ပါတယ်။ အသေးစိတ်တော့ ကျနော် မပြောချင်ဘူးခင်ဗျ ဘာလို့လဲဆို ကျနော်တို့က နောက်ကြောင်းဖြစ်ခဲ့တာတွေကို ဘာမှ ပြန်မပြောဘူးလို့ ကျနော်တို့က သဘောတူထားတာကိုး နော။” ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ NLD ပါတီဗဟိုမှ ပါတီ ဒုဥက္ကဋ္ဌ ၊မန္တလေးဝန်ကြီးချုပ် Dr. ဇော်မြင့်မောင်၊ NLD ပါတီပြောရေးဆိုခွင့်ရှိသူ […]

ကန္တာရဝတီတိုင်းမ် မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှစ်ဖက် အပြန်အလှန်ယုံကြည်မှုတည်ဆောက်နေချိန် အတောအတွင်း တပ်မတော်ဖက်ကတပ်စခန်းတိုးချဲ့ခြင်းသည် ယုံကြည်မှုကိုလျော့နည်းလာစေသည်ဟု KNPP အတွင်းရေးမှူး ၂ ဆရာဒယ်နီယာယ် ကပြောပါသည်။ ဆရာဒယ်နီယာယ်က “ယုံကြည်မှုကခိုင်မာလာရမယ့်အစားပိုပိုလျော့ကျလာတယ်ပေါ့။ ဒါကတော့ လူထုကပဲဖြစ်စေကျနော်တို့ အဖွဲ့အစည်းကပဲဖြစ်စေ၊ နှစ်ဖက် ကျနော်တို့ ခံစားမှုကဒီလိုဖြစ်လာပါတယ်။” ဟု ပြောပါသည်။ ဒီဇင်ဘာ ၂၁ ကနေဧပြီလ ၃ဝ ရက်နေ့အထိ မြန်မာ့တပ်မတော်ဖက်က မြောက်ပိုင်းတိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများကို ၄ စစ်ဆင်ရေးရပ်စဲထားချိန် ကယားပြည်နယ်ဘက်ကိုတော့ တပ်စခန်းများ တိုးချဲ့နေသည်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလကစပြီးကယားပြည်နယ်မော်ချီး၊ ဒီးမော့ဆို၊ ဖားဆောင်း၊ ရှားတော မြို့နယ်ထဲတွင် ဒေသခံများနေထိုင်သွားလာသည့် နေရာများတွင် တပ်စခန်းများတိုးချဲ့နေပါသည်။   “လက်ရှိတပ်တိုးချဲ့ထားမှုကတပ်မတော်နဲ့ အပစ်ခတ်ရပ်စဲရေးယူထားတဲ့ KNPP […]