ရောကို ၁၅.၄.၂၀၁၉ ရက်နေ့ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်မှာ ကျင်းပတဲ့ (၅၁)နှစ်မြောက် ကယောအမျိုးသားနေ့မှာ လက်မှုပညာပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ကယောတိုင်းရင်းသားမျိုးနွယ်စုများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်နဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ကွယ်ရန် ရည်ရွယ်ပြီး ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်တယ်လို့ ပြိုင်ပွဲဦးဆောင်သူလည်းဖြစ်၊ ကယောစာပေနှင့် ယဉ်ကျေးမှုကော်မတီလည်း ဖြစ်တဲ့ ဆရာမမိုဆူးက ပြောပါတယ်။ ပြိုင်ပွဲထဲမှာ ကြက်ခြင်းယက်ပြိုင်ပွဲ၊ ရိုးရာခေါင်းဖီးယက်လုပ်ပြိုင်ပွဲ၊ ခေါင်ရည်ခွက်ပြိုင်ပွဲ၊ ကျွဲချိပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးဝတ်စုံယက်ပြိုင်ပွဲ၊ ရိုးရာစောင်ယက်လုပ်ပြိုင်ပွဲများ ပါဝင်တယ်လို့ သူမက ဆက်ပြောပါတယ်။ ပြိုင်ပွဲကျင်းပတဲ့နေ့မှာ ကြက်ခြင်း ၄ လုံး၊ ခေါင်ရည်ခွက် ၅လုံး၊ ခေါင်းဖီး ၄ခု၊ အမျိုးသမီးဝတ်စုံတစ်စုံ၊ အမျိုးသားဝတ်စုံ တစ်စုံ၊ ရိုးရာစောင် […]

ဦးမြာ ထုိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာတိုင်းရင်းသားဒေသကအမျိုးသမီးနဲ့ကလေးငယ်တွေခိုလှုံရာနေရာတစ်ခုုရှိပါတယ်။ အဲဒါကတော့Social Action for Children and Women လိုု့ခေါ်တဲ့ SAW Foundation ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ကအမျိုးသမီးနဲ့ကလေးစောင့်ရှောက်ရေးဂေဟာ SAW Foundation ဟာဆိုရင်မိဘမဲ့၊စွန့်ပစ်ခံ၊ထောင်လွှဲ၊လူကုန်ကူးခံရတဲ့ကလေးနဲ့အမျိုးသမီးတွေကိုကူညီစောင့်ရှောက်ပေးနေတာအခုဆို၁၉နှစ်ရှိပါပြီ။ အဲဒီမှာရောက်လာတဲ့ ကလေးတွေကို သူတို့ဘဝရေရှည်ရပ်တည်နိုင်ဖို့အတွက် ပညာရေးဆက်လက်သင်ယူနိုင်ဖို့ အဓိက စီစဉ်ပေးနေတယ်လို့ Advocacy fundraising Coordinator ဦးမင်းမင်းက ပြောပါတယ်။ “ကျနော်တို့ဆီရောက်လာတဲ့မိဘမဲ့ကလေးအားလုံးကို ထိုင်းကျောင်းပို့တယ်။ အသက်ကြီးမှရောက်လာတဲ့ ကလေးတွေကိုတော့ ကျနော်တို့ SAW ကဖွင့်ထားတဲ့ Migrant ကျောင်းမှာထားတယ်။ ဆိုတော့အခြေခံအချက်အလက်က ဘာလဲဆိုတော့ ကျနော်တို့ဆီမှာ မိဘမဲ့အဖြစ်ရောက်လာတဲ့သူတွေက သူတို့ကိုကျနော်တို့ပေးနိုင်တာက ပညာရေးတစ်ခုပဲရှိတယ်။” လို့ ဦးမင်းမင်းကပြောပါတယ်။ ကလေးတွေဟာဆိုရင် မြန်မာစကားတွေပြောနေပေမဲ့ မြန်မာနိုင်ငံသားဖြစ်ခွင့်မရသလိုထိုင်းနိုင်ငံသားအဖြစ်လည်းမရရှိသေးပါဘူး။ ကျောင်းသူတစ်ဦးဖြစ်တဲ့ ယမင်းလှိုင်က […]

ဖိုးမူဆီး မော်ချီးနှင့် အလှမ်းဝေးသော နေရာတစ်ခုဆီသို့ ညနေ (၃)နာရီ အချိန်တွင် သူငယ်ချင်းများနှင့် အတူ ဆို်င်ကယ်ကိုယ်စီဖြင့် ထွက်ခွာခဲ့ကြသည်။ လိုခါးလိုရွာ အဆုံးထိ လမ်းကောင်းသော်လည်း ကျနော်တို့ သွားမည့် ရွာသို့ ဆက်သွားသော လမ်းသည် တစ်လျှောက်လုံး ဖုံတထောင်ထောင်နှင့် ဖုံများသည်သာမက ကြမ်းလွန်းလှသည်။ လမ်းကြမ်း၍ဖုံထူသောကြောင့် ပြုတ်ကျမှာကိုပင် စိုးရိမ်မိသည်။ ထို့ကြောင့် ဆိုင်ကယ်လက်ကိုင်ကို အတင်းကိုင်ထားရသည်။ ဘေးပတ်ဝန်းကျင်ကို ငေးမောကြည့်ရာ၌လည်း တောင်တန်းများ၏ အလှမှာ ရှုမောဖွယ်ခံစားရသည်။ စိမ်းစိုသော တောင်တန်းကြီး၏ လေပြေများတိုက်ခိုက်သော အခါဝယ် ရင်ထဲတွင်အေးခနဲခံစားရသည်။လမ်းနှင့်နီးသော ရွာ၏ပတ်ဝန်းကျင်တွင် ဒေသခံအချို့နှင့် အထက်မြန်မာပြည်မှ အလုပ်သမားများ ၊ အဖွဲ့အစည်းများနေထိုင်ကြသည်။ ဝမ်းရေးအတွက်သား သမီးများ၏ပညာရေးအတွက်ကြိူးစားရုန်းကန် လုပ်စားနေကြသော လူတစ်စု၏နေထိုင်ရန်နေရာမှာ အ […]