နော်ဒွေးအယ်ခူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့  ပြည်နယ်အဆင့် လစဉ်ပုံမှန်  ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ ဆွေးနွေးချက် သဘောတူရလဒ် ကောင်းမွန်ကြောင်း သိရသည်။ “ကျတော်တို့ ဒီနေ့ နှစ်ဖက်ပေါ့နော ကျေကျေလည်လည် ဆွေးနွေးခဲ့ကြတယ်။ အချိန်အားဖြင့်လည်း မနက် ၁ဝနာရီကနေ ည၅နာရီခွဲ ထိလောက်ပေါ့နော ဆွေးနွေးခဲ့ကြတယ်။ ဆိုတော့ ဆွေးနွေးမှုတွေက ရလဒ်ကောင်းတယ်လို့ ကျတော်တို့ ယူဆတယ်။ ပြီးတော့ နှစ်ဖက်ဆွေးနွေးချက်တွေကို ကြည့်ရတာလည်း အားလုံးက ကျေကျေနပ်နပ်ရှိကြတယ်” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နဲ့နယ်ပလိုးကဆိုသည်။ ပြည်နယ်အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့သည် လစဉ်ပုံမှန်တွေ့ဆုံခဲ့ကြကာ ယခင်နှစ် အောက်တိုဘာလတွင် နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြယ်သွားခဲ့သည်။ ၎င်းလစဉ်ပုံမှန် […]