“ နိုင်ငံ့ဂုဏ်ဆောင် ကစားသမားတွေကို အလေးထားပေးပါ ”

ခူးစေရယ် တရုတ်နိုင်ငံရဲ့ U 16 Boy’s Cricket T20 2019 မှာ အကောင်းဆုံး ကစားသမားဆု ၂ ဆုရခဲ့တဲ့ ခရစ်စတိုဖာ ဟာရင် အားကစားမှာထူးချွန်ပြီးတော့ တိုင်းနှင့်ပြည်နယ်အဆင့်သာမက နိုင်ငံ့လက်ရွေးစင် တစ်ဦးလည်း ဖြစ်ပါတယ်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နှင့် ဟောင်ကောင်တို့မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့ရသူ ဖြစ်ပါတယ်။ သူကတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ် အထက်တန်းကျောင်းမှာ ဒသမတန်း(ဆယ်တန်း)မှာ ပညာသင်ယူနေပါတယ်။ ခရစ်ကတ်(Cricket)ကိုကစားခဲ့တာ လွန်ခဲ့တဲ့ သတ္တမတန်း(၇)တန်းနှစ်ကတည်းက လို့ဆိုပါတယ်။ သူဝါသာနာတဲ့ အားစကားနည်းဖြစ်လို့ ဆယ်တန်းရောက်တဲ့အခါမှာတော့ နိုင်ငံခြားကိုသွားယှဉ်ပြိုင်ရဖို့ အခွင့်အရေးရလာပါတယ်။ “အားကစားဘက်မှာ သွားရင်တော့ အဆုံးထိ သွားဖို့ရည်မှန်းထားပါတယ်။ တစ်ဝက်တစ်ပျက်တော့ မလုပ်ဘူးပေါ့။ […]

တပ်သိမ်းမြေကြောင့် ဒေါဆိုရှေ့တောင်သူများ စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရ

မီမြာ ကယားပြည်နယ် ဒီးမော့ဆိုမြို့ တပ်မတော်အမြောက်တပ် (၃၆၀)က ဒေါဆိုရှေ့ကျေးရွာတောင်သူများ၏ မြေယာများကို တပ်သိမ်းမြေအဖြစ် သိမ်းလိုက်သည့်အတွက် တောင်သူများ စားဝတ်နေရေးအတွက် အခက်အခဲ ကြုံနေရသည်။ တောင်ယာအလုပ်ကိုသာ လုပ်ကိုင်လာခဲ့ကြသည့်အတွက် တောင်ယာ အလုပ်အပြင် အခြားအလုပ်ကို မလုပ်ကိုင်နိုင်ကြောင်း၊ မြေယာ ပြန်မရလျှင် အခြား လုပ်ကိုင်စားသောက်ရန် မြေယာလည်းမရှိတော့ကြောင်း သိရသည်။ “ကျနော်တို့ ဒါမှပြန်မရဘူးဆိုလို့ရှိရင် အခြားလုပ်ကိုင်စားသောက်ဖို့ မြေယာလည်း ဘာမှမရှိဘူး” ဟု တောင်သူဦးပါးရယ်ကဆိုသည်။ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးများအတွက် စိုက်ပျိုးမြေကိုသာ တောင်သူများ မှီခိုအားထားနေကြသည်။ ထို့ကြောင့် သိမ်းထားသော မြေယာများ ပြန်လည်ရရှိရန် အလိုရှိနေကြသည်။ “ကျမတို့က ဒီမြေနဲ့ပဲ အသက်ရှင်နေတော့ ဒီမြေလေးပြန်ရဖို့ တောင်းဆိုချင်တယ်၊ ဒီမြေက ကျမတို့အတွက် […]