လွိုင်ကော်ကတ်သလစ်သာသနာ၏ လုဒ်မယ်တော်သခင်မလှိုဏ်ဂူပွဲတော်ကြီး စည်းကားသိုက်မြိုက်စွာကျင်းပခဲ့

စိုးထိုက်အောင် လွိုင်ကော်ကတ်သလစ်သာသနာ (၆၆) နှစ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မလှိုဏ်ဂူပွဲတော်ကြီးကို ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ယူဆမိုဆိုကျေးရွာတွင် ဆယ်ရက်တိုင်တိုင် ယခင်နှစ်ကထက် ပိုပြီး စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။ ဒီမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်မှလာရောက်တဲ့ မဖိလစ်စတာက “တောင်ပေါ်မှာတက်ကြည့်ရင် လူတအားစည်ကားတယ် ပြီးတော့ မထင်မှတ်ဘူးပေါ့နော် လူအဲ့လောက်များမယ်လို့လဲမထင်ခဲ့ဘူး မယ်တော်မာရိယာကို ဘယ်လောက်ကြည်ညိုလဲ၊ ဘယ်လောက်အားကိုးလဲ ဆိုတာခံစားမိတယ်ပေါ့။”လို့ ပြောပါတယ်။ ဆုတောင်းပြည့်လုဒ်သခင်မ(ဆော်ဘော့သ) ယူဆမိုဆိုမယ်တော်လိုဏ်ဂူပွဲတော်မှာ နိုဝေးနားပြင်ဆင်ခြင်းနှင့် ပွဲတော်တွေ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၁၁ ရက်နေ့အထိ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ ယခင်ကတော့ တောင်ငူသာသနာ၊ တောင်ကြီးသာသနာ ကနေအခုလွိုင်ကော် သာသနာဆိုပြီးတော့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် သာသနာပိုင်အနေနဲ့အသိမှတ်မပြုသေးခင်က ယူဆမိုဆိုရွာနဲ့ဆောင်ဒူလာရွာ (၂)ရွာကပဲ တစ်ရွာကို တစ်နှစ်စီ အလှည့်ကျနဲ့တာဝန်ယူပြီးတော့မှ မယ်တော်လိုဏ်ဂူပွဲတော်ကို စတင်ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ […]

မော်ချီးဒေသကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြ

အန်ထောနီ ဖားဆောင်းမြို့နယ် မော်ချီးဒေသ ကျေးလက်ဒေသဘက်မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အစိုးရကျန်းမာရေး ဆေးခန်းတွေမရှိတဲ့အတွက် ကျေးရွာတွေအတော်တော်များများ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ ယူကော်ခိုရွာ(၁၃ကုန်း)ဘက်မှာ အစိုးရဆေးခန်းမရှိလို့ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲရှိနေတယ်လို့ ယူကော်ခိုကျေးရွာမှ ဒေါ်တူးမာက ပြောပါတယ်။ ဒေါ်တူးမာက “ကျေးလက်ကျန်းမာရေးဌာနရှိတဲ့နေရာသွားဖို့ဆိုရင် ကား၊ ဆိုင်ကယ်ရှိမှအဆင်ပြေတယ်။ တစ်ခါတစ်လေကျတော့ သွားလိုက်တာ ဆရာဝန်ကမရှိတော့ ဖာဆောင်းထိသွားခဲ့ရတယ်။ ကျန်းမာရေးကမကောင်းပါဘူးဆို အဝေးကြီးသွားရတော့ ပိုပင်ပန်းတယ်” လို့ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ အရေးပေါ်လူနာတွေကိုကုသရာမှာ လိုခါးလိုကျေးရွာသို့မဟုတ် လွိုင်ကော်မြို့သို့ သွားလာရတဲ့အတွက် အခက်အခဲတွေရှိနေကြတယ်လို့ဆိုပါတယ်။ လက်တလောမှာတော့ ကျန်းမာရေးနဲ့ပတ်သက်လို့ ပပွာကလူ(ကရင်) လူမှူဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ကနေပြီး ဖွင့်လှစ်ထားတဲ့ ဆေးခန်းကိုသာအားကိုးနေကြရတယ်လို့ ဒေါ်တူးမာက ဆက်ပြောပြပါတယ်။ “ ကျမတို့ဒေသမှာမှာ ကျေးလက်ကျန်းမာရေးဌာနမရှိတော့ […]

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ) Feb 2 Week

(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း) ယခုတစ်ပတ် တင်ဆက်ပေးမှာကတော့ ကယားပြည်နယ်ကို ပြန်လည်ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး လက္ခာဏာရှိမရှိ ၁၄ ရက်ကြာ စောင့်ကြည့်မယ်ဆိုတဲ့သတင်း၊ မြေယာပုံစံတွေမှာ အမျိုးသမီးတွေ အမည်ပေါက်ထည့်သွင်းနိုင်ဖို့ စီမံချက်ရေးဆွဲထားတယ် ဆိုတဲ့ သတင်း၊ ကရင်နီ တောင်သူများအကြောင်း ပြောပြသွားမယ့် “ကူရာမဲ့နေတဲ့ တောင်သူတွေဘဝ” ဆိုတဲ့ ဆောင်းပါးအပြင် ကရင်နီပြည်ကြီးကို ဂုဏ်ပြုသီဆိုထားတဲ့ “ကရင်နီပြည်” ဆိုတဲ့ သီးကောင်းလေးတစ်ပုဒ်ကိုလည်း ထုတ်လွှင့်တင်ဆက်ပေးသွားမှာပါ။ စောင့်မျှော် နားဆင်ကြပါဦး။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ချဉ်းကပ်ခြင်း ( ၁ )

ကျော်ထင်အောင် ရေးသားသည်။ စာရေးသူ အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာထက် ကယားပြည်နယ် အနေအထားကိုသာ အဓိက ဦးတည် ချဉ်းကပ်ရေးသားမည်ဖြစ်ကြောင်း စကားပလ္လင်ခံလိုပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပြန်ကြည့်ခြင်း ကယားပြည်နယ် တပြည်နယ်လုံးတွင် ပြည်သူလူထုမှ ရွေးကောက်တင်မြောက်ပိုင်ခွင့်ရှိသည့် လွှတ်တော် မဲဆန္ဒနယ် အားလုံးပေါင်း ( ၃၄ ) နေရာ ရှိပါသည်။ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၂) နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ( ၇ ) နေရာနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ( ၁၅ ) နေရာတို့ ဖြစ်သည်။ ကယားပြည်နယ်လွှတ်တော် […]