“မြတ်ဗေဒါ”အဖွဲ့နှင့် တစ်နိုင်တစ်ပိုင်ဝက်မွေးမြူရေး

နော်ဒွေးအယ်ခူ ဒီမော့ဆိုမြို့အနောက်ဖက်ခြမ်းမှာရှိတဲ့ ဒေါက်ရောက်ခူ အုပ်စုအတွင်းက မသန်စွမ်းများ စုစည်းထားတဲ့ အဖွဲ့ငယ်လေးတစ်ဖွဲ့ရှိပါတယ်။ အဖွ့ဲဝင် ၃၇ယောက်နဲ့ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့ကို “မြတ်ဗေဒါ” မသန်စွမ်းသူများအသင်း လို့ အမည်ပေးထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ မှ စတင်ဖွဲ့စည်းခဲ့တဲ့ “မြတ်ဗေဒါ” မသန်စွမ်းအသင်းတည်ရှိတာ တစ်နှစ်ပြည့်ပြီပဲဖြစ်ပါတယ်။ ဒေါရောက်ခူအုပ်စုအတွင်းက ဒေါရောက်ခူကျေးရွာ၊ လေမအန်းခူ၊ ခူးဘာတို၊ ဟန်လီ၊ ဒေါဝယ်ကူး၊ ဖေါ်ငံ၊ ဖရူးခေါ စတဲ့ ကျေးရွာ (၇) ရွာမှ မွေးရာပါ အကြားအာရုံ ကိုယ်အင်္ဂါ ညဏ်ရည် မသန်စွမ်းသူများ၊ မတော်တဆကြောင့် ရရှိလာတဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ ဒေါရောက်ခူအုပ်စုမှာ မသန်စွမ်း အများအပြားရှိပြီး တစ်နိုင်တစ်ပိုင် အသေးစားစီမံကိန်းတစ်ခုကို ငွေရေးကြေးရေးအတွက် […]

မြန်မာနိုင်ငံအတွင်းမှာ တည်ဆောက်မယ့် ရေကာတာ စီမံကိန်းတွေအတွက် တိုင်းရင်းသားဒေသက ဒေသခံတွေရဲ့ အမြင်

မြန်မာနိုင်ငံအတွင်းမှာ တည်ဆောက်မယ့် ရေကာတာ စီမံကိန်းတွေအတွက် တိုင်းရင်းသားဒေသက ဒေသခံတွေရဲ့ အမြင်သဘောထားကို တင်ပြပေးလိုက်ပါတယ်။

Myanmar Radio March 2nd Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ နှစ်စဉ်ပြုလုပ် ကျင်းပလေ့ရှိတဲ့ ကယားရိုးရာ တောလိုက်ပွဲအကြောင်း၊ ဒေါတမကြီးကျေးရွာမှ ပွန်ချောင်းသို့ ဆောက်လုပ်နေသည့် လယ်ယာကုန်ထုတ်လမ်းအား KNPP တားမြစ်လိုက်တယ်ဆိုတဲ့ အကြောင်း၊ “အမိုးပျောက်တဲ့ ငွေတောင်ဆည် ထိုင်ခုံ” ဆိုတဲ့ ဆောင်းပါးအပြင် အဆိုတော် လမင်းအိမ်နဲ့ ဟန်နီတို့ သီဆိုထားတဲ့ “ဌာနေခြားက သူငယ်ချင်း” ဆိုတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ကိုလည်း ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။စောင့်မျှော် နားဆင်ပေးပါအုံး။

Kayaw Radio March 2nd Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယော)(အင်္ဂါနေ့ ည ၇ နာရီတိုင်း)ယခု တစ်ပတ်မှာတော့ KNPP ရဲဘော်သုံးဦး နဲ့ အရပ်သားတစ်ဦး အသတ်ခံရမှု ဆွေးနွေးထားချက်ရလဒ်မရှိသေးဘူးဆိုတဲ့ အကြောင်း၊ ပြည်နယ် အစိုးရအနေနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်ပါ အချက်တွေကို လေးစားအကောင်ထည်ဖော်ဖို့လိုကြောင်း KNPP တိုက်တွန်းလိုက်တယ်ဆိုတဲ့ အကြောင်းနဲ့ “Graumo” ဆိုတဲ့ ကယောသီချင်းကောင်းလေးတစ်ပုဒ်အပြင် ဖားစည်အကြောင်းတို့ကိုလည်း ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။နားဆင်ပေးကြပါဦး။

ကယား (ကရင်နီ)ပြည် မြေယာအလုပ်ရုံဆွေးနွေးပွဲမှ အချက်သုံးချက်ထုတ်ပြန်တောင်းဆို

ကယား(ကရင်နီ)ပြည်နယ် ဒီမောဆိုမြို့တွင် ယခုလ ၉ ရက်နေ့တွင် မြေယာနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်ကိုဖဲအီက “ ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အတွက် ဘယ်အချက်ကအန္တရာယ်ရှိစေတယ်ဆိုတာနဲ့ ပတ်သက်ပြီးဆွေးနွေးတယ်၊ နောက်ပြီး ပြည်နယ်မှာ မြေလွတ်မြေလပ်မြေရိုင်းဥပဒေကို အသုံးပြုပြီးမှ လာလျှောက်ထားတဲ့အခြေအနေတွေရှိလား၊ နောက်ကျနော်တို့ဒီ ဥပဒေတွေကို ကိုင်ပြီး ကျနော်တို့မြေကိုလာယူတာတွေလာလျောက်တာတွေလုပ်ရင် ကျနော်တို့ဘယ်လိုကာကွယ်ရမယ်ရပ်တည်ကြမလဲဆိုတာအဓိကဆွေးနွေးပါတယ်၊ ပြီးတော့ ၂၀၁၂ လယ်ယာမြေဥပဒေ ပြင်ဆင်လိုက်တာနဲ့ပတ်သက်ပြီး သုံးသပ်တာတွေလုပ်ပါတယ်” လို့ပြောပါတယ်။ မြေယာအလုပ်ရုံဆွေးနွေးပွဲအပြီးမှာတော့ အချက်သုံးချက်ပါ သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ပြီး ကယားပြည်နယ် (ကရင်နီပြည်) တွင် မြေယာကိစ္စကြောင့်တရားစွဲခံထားရပြီး ဖမ်းဆီးချုပ်နှောင်ခံနေရသည့်တောင်သူများကို အမြန်ဆုံးပြန်လွတ်ပေးဖို့၊ ဒေသခံဌာနေတိုင်းရင်းသားတို့ရဲ့ဘိုးစဉ်ဘောင်ဆက်ကတည်းက ရိုးရာဓလေ့အရမြေစီမံခန့်ခွဲနေမှုကို အသိအမှတ်ပြုရန်နှင့်၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေများကို အသုံးချပြီး […]

ကယားတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ၅၀၀ ကျော်ရှိ

နော်ဒွေးအယ်ခူ ကယားပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ပျက်ကွက်တဲ့ ကျောင်းသားကျောင်းသူ ၅၅၇ ဦးရှိတယ်လို့ ပြည်နယ်ပညာရေးမှူးဦးစောအယ်ဒိုဝါးထံမှသိရပါတယ်။ ဖြေဆိုမယ့် ကျောင်းသူ၊ ကျောင်းသား ၈၄၆၃ဦး စာရင်းရှိသော်လည်း ပျက်ကွက်သူ ၅၀၀ကျော် ရှိနေတာပဲဖြစ်ပါတယ်။ ပျက်ကွက်တဲ့ ကျောင်းသားကျောင်းသူ (၅၅၇)ယောက်အနက် ပျက်ကွက်သူကျောင်းသား (၃၀၇)ဦး နဲ့ ကျောင်းသူ (၂၅၀)ဦးရှိတယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့တွင် စာစစ်ဌာန (၁၁)ခု၊ ဒီမော့ဆိုမြို့တွင် စာစစ်ဌာန ၅ခု၊ ဖားဆောင်းမြို့တွင် စာစစ်ဌာန ၁ခု၊ ဖရူဆိုမြို့တွင် ၁ခု၊ ဘောလခဲမြို့တွင် ၁ခု၊ မယ်စဲ့မြို့တွင် ၁ခု၊ ရှားတောမြို့တွင် ၁ခု၊ စုစုပေါင်း စာစစ်ဌာန ၂၁ ခု ရှိပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကောင်းမွန်စွာဖြေဆိုနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ထားတယ်လို့ […]