ကျေးလက်နေပြည်သူတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင်ကာကွယ်မှု အသိပညာပေး သတင်းအချက်အလက်အမှန်ရရှိစေဖို့ မြို့နယ်အလိုက် ဘာတွေဆောင်ရွက်နေပြီလဲ၊ ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုတွေကို ဘယ်လိုအသိပညာပေးလုပ်ဆောင်နေလဲ ဆိုတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတချို့ကို ဆက်သွယ်မေးမြန်းထားတာကို တင်ပြပေးလိုက်ပါတယ်။ ဦးနေမျိုးကျော် ( မယ်စဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုုး ) “အခုနယ်စပ်ဂိတ်မှာ ဌာနဆိုင်ရာအစုံနဲ့ ကျနော်တို့လာစောင့်နေတာလေး။ ကျနော်တို့က ရွာမှာသွားတဲ့ချိန်မှာ ကျေးရွာသူကျေးရွာသားတွေကို အစည်းအဝေးခေါ်တယ်လေး အစည်းအဝေးခေါ်တယ်ဆိုတာ ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီးတော့မှ ပြည်သူလူထုတွေကို ကိုရိုနာဗိုင်းရပ် အကြောင်းတွေကို လူထုအသိပညာပေးအနေနဲ့ ကျနော်တို့က့ပြုလုပ်တယ်။ ဒီလိုအသိပညာပေးတွေပြုလုပ်ပြီးတော့မှ အရေးပေါအခြေအနေတွေ ဖြစ်လာပြီးတော့မှ အရးပေါ်အခြအနေတိုင်း ကျနော်တို့ ဆယ်အိမ်မှုုး ယာအိမ်မှုုးတွေနဲ့ ခေါ်ပြီးတော့မှ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ ဌာနဆိုင်ရာအစုံနဲ့ […]

မော်ဦးမြာ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ကို ထိန်းချုပ်နိုင်ဖို့အတွက် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲပေးဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) က တောင်းဆိုလိုက်ပါတယ်။ “ဒီ COVID ဖြစ်နေတဲ့အချိန်မှာ ကျတော်တို့ ရောဂါထိန်းချုပ်မှုကို ကျတော်တို့ စုပေါင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လိုလုပ်မလဲပေါ့။ ဒီတိုက်ပွဲတွေကို ခန ရပ်လိုက်ပြီးတော့ ဒီကပ်ရောဂါကို ကျတော်တို့ ကြိုတင်ကာကွယ်ဖို့နဲ့ မပြန့်ပွားအောင် ဝိုင်းပြီးထိန်းချုပ်ကြဖို့ ဆိုပြီးတော့ ကျတော်တို့ ပြောချင်တာပေါ့လေ။ ဒါ့ကြောင့် ဒီနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်စဲပြီးတော့ ဒီရောဂါထိန်းချုပ်မှုကို ပူးပေါင်းဆောင်ရွက်ကြဖို့ ကျတော်တို့ အဲ့ဒီလို ပြောချင်တာ ဖြစ်ပါတယ်။” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP […]

စိုးထိုက်အောင် သစ်တောဦးစီးဌာနတွေကနေ သစ်တောပြုန်းတီးမှုတွေပပျောက်ဖို့အတွက် ရွှေ့ပြောင်းတောင်ယာစနစ်တွေကနေ အမြဲတမ်းတောင်ယာစနစ်ကိုသွားဖို့အတွက် လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ရွှေ့ပြောင်းတောင်ယာတွေ မလုပ်တော့ဖို့နဲ့သစ်တောပြုန်းတီးလာမှုတွေကို ကာကွယ်ဖို့အတွက် သစ်တောဦးစီးဌာနကနေပြီးတော့ ရွေ့ပြောင်းတောင်ယာလုပ်ကိုင်နေတဲ့ဒေသတွေမှာ သစ်ပင်တွေဖြန့်ဝေပေးနေတယ်လို ဒီးမော့ဆိုမြို့နယ် သစ်တောဦးစီးမှုး ဦးစွမ်းထက်ကို ကပြောပါတယ်။ “ ဒီတော သာကုန်သွားတယ်ပေါနော သူတို့ရွှေ့ပြောင်းတောင်ယာတွေလုပ်တဲ့နေရာမှာ သူတို့ပိုင်တဲ့၊ ရွာကပိုင်တဲ့တောတွေရှိတယ် အဲ့ဒီတောတွေမှာသူတို့လုပ်ကြတယ်လေနော။ အဲ့တော့ အဲ့လိုကုန်ကျတဲ့အတွက် ကျတော်တို့အနေနဲ့ကတော့ ကျနော်တို့က ရွှေ့ပြောင်းတောင်ယာမလုပ်ဖို့အတွက်ကျတော့ ကျနော်တို့ဖက်က တတ်နိင်တဲ့ဘက်က သစ်ပင်တွေပေးပါတယ်။” လို့ဦးစွမ်းထက်ကို က ပြောပါတယ်။ မြေယာဥပဒေပေါ်လာပြီးတဲ့နောက်မှာ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်နေသူ အများစုက အစိုးရကသတ်မှတ်ထားတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ခွင့်မရှိပါဘူး။ ဒီလိုအခြေအနေမှာ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ရွှေ့ပြောင်းတောင်ယာမြေဟာဆိုရင် မိရိုးဖလာအဆက်ဆက်ကတည်းကနေ လက်ဆင့်ကမ်းလုပ်ကိုင် စိုက်ပျိုးလာတယ်ဆိုတဲ့အထောက်အထားတွေကိုတော့ ကျေးရွာတွေမှာ […]

ဝန်ကြီးဌာနတွေမှာ လူငယ်ရေးရာဝန်ကြီးဌာန ထားရှိပေးဖို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်မှာ တိုက်တွန်းတောင်းဆိုသွားမယ်လို့ ကရင်နီလူငယ်တွေက ပြောပါတယ်။

ဒေသခံတွေကို အသိမပေးဘဲ ပြည်နယ်အစိုးရအစီအစဉ်နဲ့ သစ်တောဦးစီးဌာနက သဘာဝသစ်တောများ ပိုမိုကောင်းမွန်စေရန် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်း (၁၀၀)ဧကအဖြစ် ဆိုင်းဘုတ်ထောင်လိုက်တဲ့အပေါ်မှာ ဒေသခံတွေ မကျေမနပ်ဖြစ်နေကြပါတယ်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ NLD အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အပေါ် ကရင်နီလူမျိုးစု လူငယ်ထုတွေရဲ့ အမြင်သဘောထားကိုလည်း တင်ပြလိုက်ပါတယ်။

လက်ရှိ ကမ္ဘာ့အန့ှံမှာဖြစ်ပွားနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ Covid-19 ရောဂါ ကူးစက်ပျံ့နံှ့မှုအတွက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကုသရေးခန်း ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

ပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ လုပ်ဆောင်နေတဲ့ မိုင်ပေါင်း ၁၂၄ မိုင်ခန့်ရှိ တောင်ငူ- လိပ်ဒို- ယာဒို- လွိုင်ကော်- ဟိုပုံးလမ်းကို သတ်မှတ်ချိန်ဖြစ်တဲ့ မေလထက်စောပြီး ပြီးစီးအောင်ဆောင်ရွက်သွားမယ်လို့ ဒီးမော့ဆိုမြို့နယ် ဆောက်လုပ်ရေးဦးစီးဌာနက ပြောပါတယ်။

နော်ဒွေးအယ်ခူ လွိုင်ကော်မြို့ အဝေးပြေးမော်တော်ယာဉ်ရပ်နားစခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် ခရီးသွားပြည်သူများကို ရောဂါနဲ့ပတ်သက်တဲ့ အသိပညာပေး စာစောင်များ၊ ခရီးမထွက်ခင် ခရီးသည်များကို အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်း စတာတွေကို မတ်လ ၂၅ရက်နေ့ကစပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီ(ယကက) ဥက္ကဌ ဦးစံအေးက “ လုပ်မှသာလျှင် သံသယရှိတဲ့လူနာကို တွေ့ရင်အချိန်မှီ သက်ဆိုင်ရာဌာနတွေကို သတင်းပို့ပြီးတော့ ချိတ်ဆက်ပြီးတော့ သံသယရှိလူနာကို ခရီးဆက်သွားခွင့်မပြုဘူး လုံခြုံစိတ်ချတဲ့နေရာပို့မယ် ကျန်းမာရေးစောင့်ရှောက်မှုပေးမယ် လုံးဝစိတ်ချရတဲ့အခြေအနေရောက်မှ လိုရာခရီးကို ကျတောတို့ ဆက်လွှတ်မှာဖြစ်ပါတယ်” လို့ မတ်လ ၂၅ရက်နေ့ကပြောပါတယ်။ အခြားတိုင်းနဲ့ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းများအားလုံးကို ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရှိတယ်လို့ ဆိုပါတယ်။ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် […]

အန်ထောနီ ဖရူဆိုမြို့နယ် ဒိုးပရယ်ကျေးရွာအုပ်စုတွင်း ရေရှားပါးမှုကြောင့် ကလေးသူငယ်တွေရဲ့ တကိုယ်ရေသန့်ရှင်းရေး မပြုလုပ်နိုင်တဲ့အနေအထားမှာ အသက်အန္တရာယ်အထိ ကြုံတွေ့လာ ရမှာကိုစိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ဒေသခံတွေဆီကနေ ကြားသိနေရပါတယ်။ “ အခုချိန်နွေရာသီ ရေရှားပါးတဲ့အချိန်မျိုးမှာဆိုရင် ကျနော်တို့ကလေးတွေ (၅) နှစ်အောက်ကလေးတွေဆိုရင် လက်ဆေးဖို့တောင်မှ တော်ရုံတန်ရုံ ရေကမရှိတဲ့အနေအထားမျိုးမှာပေါနော်။ ဝမ်းပျက်ဝမ်းလျှောတို့ အဲ့လောက်ထိတောင်ဖြစ်သွားတယ်ပေါ့။ သေတဲ့အထိတောင်ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးကို ကျနော်တို့ဒေသမှာ ကြုံတွေ့နေရတယ်ပေါနော။ မျက်မြင်သက်သေတွေလည်းရှိခဲ့ပါတယ်” လို့ ဒိုပရယ်ကျေးရွာအုပ်စု ဝယ်သူတော် ကျေးရွာနေ ဦးထျားရုကပြောပါတယ်။ ကလေးသူငယ်အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး နှင့် အဝတ်လျော်ဖို့မလုပ်ပေးနိုင်တဲ့အတွက် အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ လက်တွေတောင် ပုံမှန်ဆေးဖို့ အခက်အခက်ကြုံတွေ့နေကြရတာပါ။ အခုလိုပြသနာများနှင့်ရင်ဆိုင်နေရပြီး တိရိစ္ဆာန်များလည်း ရေရှိရာအရပ်သို့ရွှေ့ပြောင်းသွားသောကြောင့် အသေအပျောက်ရှိတယ်လို့ သိရပါတယ်။ “အခုမွေးထားတဲ့ တိရစ္ဆာန်တွေဆိုလည်း […]