spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုရှိ

Author

Date

Category

CJ / ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ညနဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၈ နာရီအချိန်မှာ ဖရူဆိုမြို့နယ် မိုဆိုအုပ်စုအတွင်း နှစ်ရက်ဆက်တိုက် လက်နက်ကြီးကျရောက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ ဟိုးတစ်နေ့က ပစ်လာတယ် အကျယ်ကြီးပဲ။ မနေ့က မနက် ထပ်ပစ်လာတယ်၊ ဘယ်ကပစ်လာလဲတော့ မသိဘူး၊ ၄ လုံး ၅ လုံး ပစ်လာတယ်၊ ရွာထဲကျပီထင်နေတာ တော်သေးတယ် ရွာပြင်မှာကျတယ်” လို့ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နှစ်ရက်ဆက်တိုက် လက်နက်ကြီး ၅ လုံးထက်မနည်း မိုဆိုအုပ်စုအတွင်း ကျရောက်ခဲ့တာကြောင့် လူနေအိမ် ထိခိုက်ပျက်စီးတာရှိခဲ့ပါတယ်။

ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့နယ်ဖက်ကို စစ်ကောင်စီကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်နေတာကြောင့် စိုးရိမ်ပူပန်မှုရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ လက်နက်ကြီးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေလည်းရှိနေပါတယ်။

spot_img
spot_img

Recent posts