spot_imgspot_imgspot_imgspot_img
Thursday, May 16, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့တွင်းတိုက်ပွဲဖြစ်နေတာကြောင့် ပြည်သူတွေ မြို့တွင်းမပြန်ကြသေးဖို့ PNLA တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် ပြည်သူလူထုတွေအနေနဲ့ အရဲစွန့်ပြီး နေရပ်မပြန်ကြသေးဖို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကို ဧပြီလ ၃ရက်နေ့မှာ ပြောပါတယ်။

“လက်ရှိ ဆီဆိုင်မြို့တွင်းအခြေအနေက တစ်မြို့လုံးက စစ်ဇုန်ဖြစ်နေပါတယ်။ မြို့ထဲမှာလည်း နှစ်ဖက်တပ်က ရင်ဆိုင်နေကြတဲ့ အခြေအနေဖြစ်ပါတယ်။ ပစ်ခတ်မှုတွေလည်း နေ့တိုင်းလိုလိုဖြစ်နေပါတယ်။ ပြောရရင်တော့ မြို့တွင်းတိုက်ပွဲဖြစ်ပါတယ်။” လို့ ခွန်ရိန်းယံက ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ဆောင်ရွက်နေပြီလို့ မတ်လ ၃၀ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာပြည်သူတွေကို ပြန်လာနေထိုင်ကြဖို့လည်း စစ်ကောင်စီက ဝါဒဖြန့် ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုတွေဟာ မြို့တွင်းဝင်ရောက်ပြီး ပစ္စည်း၊ စားနပ်ရိက္ခာပြန်ယူတာရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

“ဒေသခံမှမဟုတ်ပါဘူး။ ကျမတို့လည်း ဆီဆိုင်မှာ စစ်ရှောင်ခဲ့ဖူး‌တော့ အမျိုးတွေလည်း အဲ့မှာရှိတော့ သွားရှောင်တဲ့ချိန် ပစ္စည်းတွေလည်း ကျန်ခဲ့သေးတယ်လေ။ အခုက လိုင်းပေါ် သတင်းတွေက တစ်ဖွဲ့တစ်မျိုး ပြောနေကြသေးတော့ ကိုယ့်အသက်ကိုပဲ အဓိကထားတော့တယ် ပြန်ကြည့်ချင်ပေမဲ့ မပြန်ရဲသေးဘူး”လို့ လွိုင်ကော်ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

နယ်မြေရှင်းလင်းရေး မပြုလုပ်နိုင်သေးတဲ့အတွက် နေရပ်ပြန်ရင်း နင်းမိုင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားပြည်သူ နှစ်ဦးရှိတယ်လို့ PNLAရဲ့ လက်လှမ်းမီသလောက် ‌ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

ဆီဆိုင်မှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ကြဖို့ နဲ့ သတင်းတု၊ သတင်းမှားတွေကို သေချာစီစစ်ဖို့ PNLA က ပြောပါတယ်။

“ ကျနော်တို့ရဲ့ တရားဝင် ထုတ်ပြန်ချက်ကို စောင့်ကြည့်ကြပါ လိုက်နာကြပါလို့ပြောချင်ပါတယ်။ ဆီဆိုင်မြို့တွင်းက လုံးဝနေလို့ မရသေးပါဘူး။တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေရှိပါတယ်” လို့ PNLA က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဆီဆိုင်ဒေသခံ သောင်းချီဟာ နီးစပ်ရာမြို့နယ်နဲ့ တောတောင်ထဲမှာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts