Thursday, April 15, 2021

CATEGORY

ဆောင်းပါး

ကိုဗစ်ကြောင့် ဆီးဘူးဒေသထွက်ခေါင်ကျရည်တွေ အရောင်းအဝယ်ပါးလာ

ခွန်းကလိုင်းဖရီး ရှမ်း/ကယားနယ်စပ် ဆီးဘူးဒေသကထွက်တဲ့ ခေါင်ကျရည်ဆိုပြီး လူသိများတဲ့ ခေါင်ရည်ဟာ တစ်လီတာဗူး တစ်ဗူးကို ဒေသပေါက်ဈေး ၃၅၀၀ ကျပ်ရှိပါတယ်။ ဒီခေါင်ကျရည်တွေကို ပြည်တွင်းခရီးသွားတွေဆီ ရောင်းချရပြီး တောင်ကြီးနဲ့ ရန်ကုန်အထိ...

မခိုင်မာလှတော့တဲ့ မျှော်လင့်ချက်

မီမြာ၊ ဦးမြာ ကယားပြည်နယ်၊ ဒီးမောဆိုမြို့မှာရှိတဲ့ နီရဲနေတဲ့ တောင်ယာမြေနီလေးပေါ်မှာ တောင်သူတစ်စု လယ်ထွန်စက်နဲ့ လာရောက်ထွန်ယက်နေကြပါတယ်။ သူတို့ကတော့ ဒေါဆိုရှေ့ရွာသားတွေဖြစ်ပြီး သူတို့ ကသူတို့ဘိုးဘွားမြေယာပေါ်မှာ လာရောက်ထွန်ယက်နေတာဖြစ်ပါတယ်။ မကြာခင်မှာပဲ ရဲတပ်ဖွဲ့တစ်ဖွဲ့က သူတို့ကို ထွန်ယက်နေတဲ့နေရာမှာ လာရောက်ပြီး...

ကပ်ဘေးကြောင့် ပိတ်မိနေတဲ့ အသေးစားအမျိုးသမီး လုပ်ငန်းရှင်တွေရဲ့ဘဝ

ခွန်းကလိုင်းဖရီး အိမ်ထောင်စုစာရင်းထဲတော့ အိမ်ထောင်သည်အမျိုးသမီးအများစုရဲ့ အလုပ်အကိုင်နေရာမှာ မှီခိုအဖြစ်ပဲ ဖော်ပြထားတာတွေ မြင်တွေ့ဖူးကြမှာပါ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ မိသားစု စားဝတ်နေရာအတွက် ရှာဖွေရုန်းကန်ရာမှာ အမျိုးသားတွေကြီးပဲတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးပမ်းစွမ်းဆောင်နေကြရပါတယ်။

တိုင်းရင်းသားအရေးဖော်ဆောင်မည့်သူလိုလားနေကြ

မီမြာ ရွေးကောက်ပွဲအနိုင်ရရှိရေး ကယားပြည်နယ်အတွင်းမှာ ဒေသအခြေစိုက်ပါတီတွေကော လက်ရှိ အာဏာရ ပါတီတွေကော ထောက်ခံသူတွေအသီးသီးက အင်အားပြစီတန်းလှည့်လည်တာတွေက အပြိုင်အဆိုင်ပါပဲ။ ဒီလိုအင်အားအပြိုင်အဆိုင်နဲ့ ပါတီအသီးသီးကို ဝန်းရံသူနေကြသူတွေကတော့ သူတို့ ယုံကြည်ရာကို ထောက်ခံကြပြီး...

ပြည်သူလူထုတွေ လင်းတဲ့လမ်းကိုဆက်လျှောက်ဖို့အတွက် ကောင်းတဲ့လူ၊ကောင်းတဲ့ခေါင်းဆောင်ကို ရွေးကြပါဆိုလာတဲ့ NLD ကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် ပြည်သူလူထုတွေအနေနဲ့ ကျမကိုရွေးချယ်ပါလို့လည်း မပြောချင်ပါဘူး ၊ကျမပါတီကိုမဲထည့်ပေးပါလို့မပြောချင်ပါဘူး။ လင်းတဲ့လမ်းကိုဆက်လျှောက်လှမ်းနိုင်ဖို့အတွက် ခေါင်းဆောင်ကောင်းကိုရွေးချယ်ပြီး မဲထည့်ကြပါလို့ ဆိုလာတဲ့သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) ဖရူဆိုမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဒေါ်ကြူကြူအောင်ပဲဖြစ်ပါတယ်။ “ ဒီအချိန်မှာ...

ပြည်နယ်မှာ NLD စတင်ဖွဲ့စည်းခဲ့ချိန်မှာပါဝင်ခဲ့ဖူးတဲ့ ၂၀၂၀ တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် ၂၀၁၂ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုကယားပြည်နယ်မှာလာရောက်တည်ထောင်ခဲ့ချိန်ပါဝင်တည်ထောင်ပေးခဲ့သူ၊ တည်ထောင်ပြီးနောက်မှာကယားပြည်နယ်(NLD) ပါတီရဲ့ဗဟိုကော်မတီအဖွဲ့ဝင်အနေနဲ့ပါဝင်ခဲ့တဲ့ရှားတောမြို့နယ်၊ ဈေးပိုင်းရပ်ကွက်မှာနေတဲ့ဦးစိုင်းအုန်းမြင့်ကလာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) မှာရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ “ NLDကိုကျနော်တို့လူမျိုးစုကနေ ကျနော်တို့ဖွဲ့စည်းတာ။ ဒီကယားပြည်နယ်တစ်...

ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမည့် NLD အမတ် ဒေါ်ရှားမူ

ကရင်နီသူ NLD မှ အမျိုးသမီးအမတ် ဒေါ်ရှားမူအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒေါ်ရှားမူက ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကနေ ပြန်လည်မရွေးချယ်တော့တဲ့အတွက် ရွေးကောက်ပွဲမှာ...

သေနတ်သံမကြားရင် ငြိမ်းချမ်းပြီလား

ခွန်းကလိုင်းဖရီး ကယား(ကရင်နီ)ပြည်နယ်၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် ဦးတိုးအောင် တစ်ယောက် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ကာလအတွင်း မြန်မာ့တပ် မတော်က ဆွဲခေါ်လို့ ၁၂ နှစ်လုံးလုံး တစ်လကို သုံး၊...

ဟိုယာဒေသရဲ့ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်

ခွန်းကလိုင်းဖရီး၊ စိုးထိုက်အောင် ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ဟိုယာဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေက ငြိမ်းချမ်းရေးကို မခံစားကြသေးသလို ဖွံ့ဖြိုးမှုနောက်ကျတာနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ပြောဆိုနေကြပါတယ်။ သူတို့တွေကတော့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန်မှာ...

ပြည်သူဘက်ကနေရပ်တည်ပြီး နှစ်သိမ့်အားပေးမည့်သူတွေကို မျှော်လင့်နေကြတဲ့ဒေသ

စိုးထိုက်အောင်၊ အန်ထောနီ ရှားတောမြို့နယ် တောင်ပိုင်းမှာတည်ရှိနေတဲ့ ဒေါဝယ်ရော ကျေးရွာလေးကို သွားရောက်ခဲ့မယ်ဆိုရင် အရင်ဆုံးမြင်တွေ့ရမှာကတော့ ဝါးတွေနဲ့တည်ဆောက်ထားတဲ့ ဝါးထရံအိမ်လေးတွေပဲဖြစ်ပါတယ်။ ကျေးရွာအတွင်းမှာ ကယားတိုင်းရင်းသားလူမျိုးစုတွေသာနေထိုင်ကြတာဖြစ်ပါတယ်။ ဒေါဝယ်ရောကျေးရွာမှာနေထိုင်ကြတဲ့ ကယားလူမျိုးတွေက တောင်ယာစပါး၊ ပြောင်း...

Latest news

ဒီးမော့ဆိုမြို့မှာ သွေးမတိတ်၊ ဆေးသပိတ်တစ်ခု ပြုလုပ်ခဲ့

ကယားပြည်နယ် ဒီးမော့ဆိုမြို့ ဒေါငံခါး လမ်းခွမှာ သွေးမတိတ်၊ ဆေးသပိတ်တစ်ခု ကို ဒီကနေ့ ဧပြီလ ၁၄ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပိတ်မှာ လူအင်အား၂၀၀ ကျော် ပါဝင်ခဲ့ပြီး...

စီးပွားရေး၊ ကျန်းမာရေးတွေကောင်းမွန်အောင် တစ်နှစ်တစ်ခါ ကျင်းပတဲ့ တံခွန်တိုင်ပွဲ (ခေါ်) သျားအီးလှူး (ခေါ်) ကေထျိုးဘိုးပွဲ

ကန္တာရဝတီတိုင်း (မ်) လူမျိုးစုတွေတိုင်းမှာ သူတို့ရဲ့ယုံကြည်မှုနဲ့ ပြုလုပ်လေ့ရှိတဲ့ ရိုးရာဓလေ့တွေရှိကြပါတယ်။ကယား(ကရင်နီ)လူမျိုးစုတို့ရဲ့ ရိုးရာဓလေ့တွေထဲမှာ တံခွန်တိုင်ပွဲဟာ လူသိများတဲ့ ရိုးရာဓလေ့ပွဲတစ်ခုဖြစ်ပါတယ်။ တံခွန်တိုင်ပွဲကို ကယား(ကရင်နီ)လို...

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု မိုးရေထဲမှာ ပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း (မ်) ကယားပြည်နယ် ဒီးမော့ဆိုမြို့ ကန်ခုနစ်ဆင့်မှာ ဧပြီ ၆ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုသပိတ်ကို မိုးရေထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ရေးမှာ အသက်ပေးသွားတဲ့လူတွေအတွက် ဆက်လက်တိုက်ပွဲဝင်ပေးရမယ်ဆိုတဲ့စိတ်နဲ့ ဒီသပိတ်ကို လာရခြင်းဖြစ်တယ်လို့...

အကြပ်အတည်းကာလအတွင်း ပုဂ္ဂလိကချေးငွေများပြန်လည်ပေးသွင်းရန် အခက်ခဲရှိနေကြ

ကန္တာရဝတီတိုင်း(မ်) အရေးတော်ပုံကာလအတွင်း ပြည်သူတွေခက်ခဲနေသလို၊ CDM ပြုလုပ်တဲ့ဝန်ထမ်းတစ်ချို့ ကလည်း လစာမရတဲ့အတွက်ကြောင့် အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက ချေးငွေလုပ်ငန်းတွေမှာ ချေးယူထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့အခက်အခဲရှိနေကြတာဖြစ်ပါတယ်။ ဒါကြောင့်...

ကလေးငယ်တွေနိုင်ငံသားအသိပညာတွေ ရရှိစေဖို့ စေတနာ့ဝန်ထမ်းတွေသင်ကြားပေးနေ

ကန္တာရဝတီတိုင်း(မ်) နှစ်စဉ်ပုံမှန် နွေရာသီကျောင်းပိတ်ရက်တွေမှာဆိုရင် ကလေးသူငယ်တွေအတွက် ဘာသာအသီးသီးက စေတနာ့ဝန်ထမ်းတွေက သူတို့ယုံကြည်ကိုးကွယ်ကြတဲ့ ဘာသာရေးအလိုက် ကလေးသူငယ်တွေ လိမ္မာရေးခြားရှိစေဖို့ ၊ ဘာသာတရားကိုင်းရှိုင်းတတ်ဖို့ ၊ နိုင်ငံ့သားကောင်းရတာနာပီသဖို့ နိုင်ငံသားအသိပညာတွေရှိဖို့...
- Advertisement -

Comments

comments