spot_img
Friday, December 9, 2022
spot_img

CATEGORY

ဆောင်းပါး

ဈေးနှုန်းမတည်ငြိမ်မှုတွေနဲ့ ဖာလာစိုက်တောင်သူတွေရဲ့ဘဝအခက်အခဲ

ဖာလာသီးအစိမ်းတွေကို ထင်းမီးနဲ့အပူပေး အခြောက်ခံနေတဲ့သူကတော့ အသက် ၅ဝ နှစ်အရွယ် စခွန်းမားရိယို ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေမှာတော့ ခူးယူထားတဲ့ ဖာလာသီးတွေကို ပွဲစားတွေလက်ထဲ အစိမ်းလိုက်ရောင်းချပေမဲ့ ဒီနှစ်မှာတော့ အခြောက်ခံပြီးရောင်းဖို့ စမ်းကြည့်နေတယ်လို့ ဖာလာစိုက်ပျိုးရေးလုပ်ကိုင်သူတွေကပြောပါတယ်။ https://youtu.be/yVEJl2hrEIQ စခွန်းမားရိယိုဖာလာစိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦး "အဲ့မျိုးလုပ်မယ်ဆို ဈေးနှုန်းနည်းနည်းပိုရမလား ပြောနေတာ၊ စမ်းကြည့်နေတာ။ ဒီနှစ်ပဲစမ်းတာ၊ အခုပဲပြန်လုပ်တာ။ အရင်က ကျနော်တစ်ခါမှမလုပ်ဘူး။ စမ်းကြည့်မလို့။...

လူငယ်ပါဝင်မှုအားကောင်းလာတဲ့ ကရင်နီတပ်မတော်

ကန္တာရဝတီတိုင်း(မ်) ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့က စစ်ကောင်စီတပ် ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုကို လူထုတစ်ရပ်လုံး ဆန့်ကျင်တော်လှန်နေကြတာ နိုဝင်ဘာလ ၁ရက်နေ့အထိဆိုရင် တစ်နှစ် ၉ လရှိသွားပါပြီ။ ကရင်နီပြည်တွင်းမှာဆိုရင် နှစ်ပေါင်း ၇၄ နှစ်ကျော်ကြာ တော်လှန်ရေး ဆင်နွှဲလာနေတဲ့ ကရင်နီတပ်မတော် (KA)အပါအဝင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့...

ဘဝခရီးလမ်းကို အံတုနေတဲ့ CDM စင်ဂယ်မားသား

ကန္တာရဝတီတိုင်း(မ်) “ဒီရောက်တော့ နေ့စားလိုက်တယ်ပေါ့ တစ်ရက်ကို ၆၀၀၀ အရင်စစရောက်ချင်းတော့ တစ်ရက် ၅၀၀၀ အဖေအို၊ အမေအိုရယ် နောက်ပြီးကျတော့ ကိုယ်က စင်ဂယ်လ်မားသားဆိုတော့ သိပ်တော့ အဆင်မပြေဘူး ပေါ့နော်။ ရှိတာတွေနဲ့ပဲ ထုခွဲရောင်းချရတာပေါ့။” နန်းမိုခမ်းတစ်ယောက် သူမရဲ့ နေ့စဉ်စားဝတ်နေရေးဖြေရှင်းဖို့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့နန်းမိုခမ်းတို့ မိသားစုမှာ အဖေအိုရယ်၊...

အခြေနေပြန်ကောင်းရင် ဒီးမော့ဆိုစျေးမှာ ကိုယ်ပိုင်ဆိုင်လေးနဲ့ စျေးပြန်ရောင်းဖို့မျော်လင့်နေတဲ့ ဒေါ်အမားလျာ

ကန္တာရဝတီတိုင်း(မ်) အသက် ၅၇ နှစ်အရွယ် ဒေါ်အမားလျာဟာ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စစ်ဘေးရှောင်နေတာ ၁နှစ်ကျော်ကြာနေပြီဖြစ်ပါတယ်။ သူ့ရဲ့ ကျောင်းနေအရွယ်ကလေး ၂ ဦးနဲ့အတူ စစ်ဘေးရှောင်နေရတဲ့ တစ်နှစ်အတွင်း အလုပ်အကိုင်မရှိတဲ့အတွက် ဝင်ငွေလည်းမရှိပါဘူး။ သူဟာ ယခင်က ဒီးမော့ဆိုစျေးမှာ စျေးရောင်းရင်း မိသားစုအတွက် အသက်မွေး၀မ်းကျောင်းပြုခဲ့ပေမဲ့ လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်နေတာကြောင့် စား၀တ်နေရေးအတွက် အလှူရှင်ကိုသာမှီခိုနေရတယ်လို့ဆိုပါတယ်။ ဒေါ်အမားလျာတို့မိသားစုဟာ...

မျိုးရိုးဗီဇကွဲတွေနဲ့ အဆုံးမသတ်နိုင်တဲ့ ကိုဗစ် – ၁၉ နောက်ဆက်တွဲ အိုမီခရွန်

၂၀၂၀ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့အစည်းမှ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ COVID-19 ရောဂါဟာ လက်ရှိအချိန်ထိ မျိုးရိုးဗီဇ အမျိုးမျိုးပြောင်းလဲနေပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာ ကိုဗစ်လူနာတွေ ပြန်လည်မြင့်တက်လာပါတယ်။...

လက်နက်ကြီးရန်ကြောင့် မိဘမေတ္တာ ဆာလောင်နေရတော့မယ့် မောင်နှမ၂ဦး

ကန္တာရဝတီတိုင်း( မ် ) အများသူငှာ အိပ်စက် အနားယူနေတဲ့ ညအချိန်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကောင်စီအခြေစိုက်တပ်တွေရဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ လက်နက်ကြီးကြောင့် ကြောက်ရွံ့မှုအပြည့်နဲ့ အိပ်စက်ခဲ့ရတဲ့ ညတွေကတော့ ကျော်ဖြတ်ဖူးတဲ့ သူတွေပဲ အသိဆုံးဖြစ်မှာပါ။ လက်နက်ကြီး ပစ်ခတ်နေတဲ့ ညတွေ များစွာ ကျော်ဖြတ်ခဲ့ရပေမယ့် အကာအကွယ်မဲ့တဲ့ စစ်ရှောင်တဲအိမ်လေးနားလက်နက်ကြီး ကျရောက်လိမ့်မယ်လို့ တော့...

“မမ” တွေကြား အသက်ဖက်ထုပ်ရင်း ရှင်သန်နေရတဲ့ ကရင်နီလူထုတွေရဲ့ ဘဝ ဘယ်တော့အေးချမ်းမလဲ…

မော်ဦးမြာ ၂၄ နာရီအတွင်းမှာ ဘယ်အချိန် ကိုယ့်ဘေးမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး “မမ” တွေ ဖြစ်တဲ့ ( ၁၂၀ မမ ၊ ၈၀မမ ၊၈၁ မမ ) တွေ ကျလာမလဲ ဆိုတဲ့ စိုးရိမ်မှုက အရာအားလုံးထက် လွှမ်းမိုးခံနေရတာပါ။ နေ့ခင်း...

နေ့စဉ်ကြုံတွေ့နေတဲ့ စိတ်ဖိစီးမှုကို ဘယ်လိုကျော်ဖြတ်မလဲ?

စိတ်ဖိစီးမှု (Stress) က လူတစ်ဦးတစ်ယောက်ရဲ့ ကျန်းမာရေးကို ဒုက္ခအမျိုးမျိုး ပေးတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဆိုပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေပါ ခံစားရစေနိုင်ပါတယ်။ လူမှုရေး နဲ့ စီးပွားရေးမညီမျှမှုတွေ မြင့်တက်လာတာ၊ ကမ္ဘာ့ကပ်ရောဂါတွေ၊ ရှည်ကြာတဲ့ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေတွေက ပြည်သူတစ်ရပ်လုံးကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။ အထူးသဖြင့် ဒီလိုကာလမှာ...

ရွေ့လျား စစ်ဘေးရှောင်ခဲ့ရတဲ့ အမျိုးသမီး

https://youtu.be/QcJLERpp1-A (ကန္တာရဝတီတိုင်း(မ်)) စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ပြည်သူသိန်းချီပြီး စစ်ဘေးတိမ်းရှောင်ရတဲ့အထဲမှာ ဒီးမော့ဆိုမြို့၊ ဒေါငံခါးရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၄၀) ကျော်အရွယ် အမျိုးသမီး စမူ (နာမည်လွှဲ) တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ စမူဟာ ၂၀၂၁ ခုနှစ် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ မေလလောက်ကတည်းက နေရပ်ကနေ စစ်ဘေးတိမ်းရှောင်လာခဲ့ရတာ...

” ရန်သူကိုခေါ်နိုင်ခြင်းဟာ တိုက်ပွဲရဲ့ရလဒ်ဖြစ်တယ် “

ကန္တာရဝတီတိုင်း(မ်) အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဒီကနေ့အချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီလက်အောက်ခံ တပ်သားတချို့ကလည်း ပြည်သူနဲ့ တစ်သားတည်းရပ်တည်ပြီး CDM ပြုလုပ်နေတာ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။ ကရင်နီပြည်သူ့ရင်ခွင်မှာဆိုရင် လာရောက်ခိုလှုံတဲ့ CDMတပ်သား တွေကို စစ်ဆေး စီစစ်တာတွေ လုပ်ဆောင်သလို စောင့်ကြည့်ရေးကာလအဖြစ် အနည်းဆုံး လေးလ ဖြတ်သန်းခိုင်းတာတွေ ရှိတယ်လို့...