spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဝန်ကြီးချုပ်ကိုစွပ်စွဲထားတဲ့ ကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာ အောင်မြင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲထားတဲ့အချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ဒီကနေ ကယားပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၆ မဲ ကန့်ကွက်မ ၄ မဲဖြင့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အောင်မြင်သွားပါတယ်။

“စုံစမ်းစစ်ရေးကနေပြီးတင်လာတဲ့အစီရင်ခံစာကို ဥက္ကဌကနေ လွှတ်တေ်ာထဲတင်သွားလာတော့ ထောက်ခံသူကိုယ်စားလှယ်က ၁၆ မဲ ၊ ကန့်ကွက်မဲက ၄ မဲပေ့ါ ။ သုံးပုံ ၂ ပုံကျော်တယ်။”လို့ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဌ ဦးသဲရယ်က ပြောပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲပစ်တင်ထားတဲ့အချက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို ဒီကနေ စက်တင်ဘာလ ၁ ရက်နေ့ လွှတ်တော်ဥက္ကဌထံ အဆိုတင်သွင်းခဲ့ကြတာဖြစ်ပါတယ်။

ဥပဒေအရ အစီရင်ခံစာ အောင်မြင်သွားတဲ့အတွက် လွှတ်တော်ဥက္ကဌကနေပြီး ဒီအစီရင်ခံစာကို သမ္မတ ထံ ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်အနေနဲ့တော့ ဒီစွပ်စွဲပြစ်တင် ချက်တွေက ပြီးခဲ့တဲ့လွှတ်တော်မှာလည်း ဖြေရှင်းပြီးတဲ့အကြောင်း ၊ ပြည်ထောင်စု အစိုးရကနေ ညွန်ကြားချက်အတိုင်းဆောင်ရွက်နေတာဆိုတာကို လွှတ်တော်မှာတင်ပြသွားပါတယ်။

“ယဉ်ယန္တားများကို လေလံစနစ်ဖြင့် အမြန်ဆုံးရောင်းချ၍ ပြည်နယ်ဘဏ္ဍာငွေအဖြစ်ထည့်သွင်းပေးရန် အဆိုကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးရဲ့ ခွင့်ပြုချက်အရ နိုင်ငံတော်သမ္မတရုံးရဲ့ ၁/၂၀၁၇ ညွန်ကြားချက်နဲ့အညီ တင်ဒါခေါ်ယူဆောင်ရွက်ပြီး ရောင်းချရငွေအား ပြည်နယ်ရံပုံငွေသို့ ထည့်သွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ပြီးပြတ်တဲ့ကိစ္စဆိုတာကိုလည်း ပြောကြားလိုပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ မြို့မြေနဲ့ အခြေခံမြေစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ဇယား ၁ ထဲမှာပါတဲ့ ကိစ္စ ဖြစ်ပါတယ်။ အခုလိုလွဲမှားတဲ့အဆိုတွေ ပါဝင်ခဲ့တဲ့ အချက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးများမှာ သာမက သက်ဆိုင်ရာဌာနများမှာလည်း အထောက်အထားခိုင်လုံစွာနဲ့ ရှင်းလင်း တင်ပြထားပြီးသားဖြစ်ပါတယ်။”

စုံစမ်းစစ်ဆေးရေးအဖွဲကနေ ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေပြီး စက်ယန္တာယားငှားရန်ခကိစ္စနဲ့ ကယားပြည်နယ်နေ့ ကျင်းပတဲ့ အများပြည်သူပိုင်မြေငှားရန်ခကိစ္စရပ်တွေကို ဌာနဆိုင်ရာတွေကနေ စစ်ဆေးချက်တွေ့ရှိတာတွေ လွှတ်တော်မှာ ဒီနေ့တင်ပြသွားတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts