spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ KNSO ဥက္ကဌ ဦးရီးချက်နှင့်တွေ့ဆုံခြင်း

Author

Date

Category

အန်ထောနီ

ကရင်နီအမျိုးသား သွေးစည်းညီညွတ်ရေး အဖွဲ့ (KNSO) ခေါ် ကြယ်ဖြူ ဥက္ကဌ ဦးရီးချက်ကို ၎င်းတို့အဖွဲ့ရဲ့ ပြည်နယ်အရေး လှုပ်ရှားမှုအခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ဆောင်ရွက်ချက် သဘောထားအမြင်တွေဘယ်လိုရှိလဲဆိုတာနဲ့ပတ်သက်လို့ ကန္တာရဝတီတိုင်း(မ်) သတင်းထောက် အန်ထောနီကနေ တွေ့ဆုံမေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။

ကရင်နီ အမျိုးသား သွေးစည်းညီညွတ်ရေး အဖွဲ့ (KNSO) ခေါ် ကြယ်ဖြူအဖွဲ့ဟာဆိုရင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကနေ ခွဲထွက်ပြီး စစ်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးယူပြီး ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

မေး ။KNSO အဖွဲ့ရဲ့ နောက်ခံအကြောင်းနည်းနည်းရှင်းပြပေးပါ။
ဖြေ ။ ကျနော်တို့KNSO ဖွဲ့စည်းတာ ၁၈ နှစ်တောင်ဝင်သွားပြီ ကျနော်တို့ ၂၀၀၂ ခုနှစ်နိုဝင်ဘာလ ၉ ရက်နေ့ကနေစပြီးတော့မှ ငြိမ်းချမ်းရေးရယူပြီးတော့မှ ပြန်လည်ဖွဲ့စည်းတာဖြစ်ပါတယ်။ ကျနော်တို့ကတော့ ပြည်သူ့စစ်ပဲ အသွင်ပြောင်းထားတာ။

မေး ။ ကယားပြည်နယ်ရဲ့ ဘယ်ဒေသတွေမှာလှုပ်ရှားနေသလဲ။
ဖြေ ။ အဓိကကျနော်တို့မော်ချီးဒေသမှ ာလုပ်ရှားနေပါတယ်။

မေး ။ ရေရှည်ရပ်တည်ရေးအတွက် ဘယ်လိုစီစဉ်ထားလဲ ပြီးတော့အင်အားဘယ်လောက်ရှိလဲ။
ဖြေ ။ ကျနော်တို့ကတော့ အဓိကျနော်တို့ဒေသမှာပဲ ပြောရမယ်ဆိုရင် ကျနော်တို့ KNSO ဆိုတာက ကရင်နီတစ်ခုလုံးမှာရှိတဲ့ ပြည်နယ်အရေးမှာ ကျနောတို့လှုပ်ရှားနေပါတယ်။ ဒါပေမယ့်ဒီမှာကျတော့ နယ်မြေကိုသူများခွဲပေးတယ်ပေါ့ အဲ့တော့ကျနော်တို့က မော်ချီးဒေသမှာပဲလှုပ်ရှားနေတယ်။

မေး ။ ဆရာတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုဆောင်ရွက်နေပါသလဲ။
ဖြေ ။ ကျနော်တို့ကတက်လာတဲ့အစိုးရတွေနဲ့ပူးပေါင်းပြီးတော့မှ လုပ်ရတယ်။ ဒေသအတွက်အဓိကကတော့ ငြိမ်းချမ်းရေးပါပဲ တတ်နိုင်မယ်ဆိုရင်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရမယ်ဆိုရင် ပိုကောင်းတာပေါ့ သို့မဟုတ်ရင် ကျနော်တို့က ပစ်ကြခိုက်ကြဆိုတော့ ကြည့်လိုက်ရင် ဘာမှအဓိပ္ပာယ်မရှိဘူး။ သေတာက ကျနော်တို့ပြည်နယ်သားအချင်းချင်းပဲသေတယ်။ ပြန်ကြည့်တဲ့အခါ ဘာမှအကျိုးမရှိဘူး အဲ့တော့အခုက ပြည်နယ်တစ်ခုလုံးငြိမ်းချမ်းသွားမယ်ဆိုရင် ပိုကောင်းတာပေါ့။ မဟုတ်ရင် ကျနော်တို့တစ်စိတ်တစ်ဒေသပဲငြိမ်းချမ်းမယ်ဆိုရင်လည် သိပ်ပြီးတော့ အဆင်မပြေဘူး ရင်းနှီးမှုမရှိဘူးလို့ ပြောရမှာပေါ့။

မေး ။ မော်ချီးဒေသဖက်မှာ မငြိမ်းချမ်းခဲ့လို့ အခုလက်ရှိ အကျိုးဆက်ဘယ်လိုမျိုးခံစားနေရပါသလဲ။
ဖြေ ။ အရင်တုန်းကကျနော်တို့တိုက်ပွဲရှိတဲ့အချိန်မှာ စစ်ကြောင်းအမြဲတမ်းရှိတယ်။ ရှိနေတဲ့အခါကျတော့ ကျနော်တို့ပြည်သူတွေလည်းဒုက္ခမရောက်ချင်လည်း ရောက်ကြရတာပဲလေး။ ကျနော်တို့လည်း ဒုက္ခရောက်တာပဲလေး နောက်ဆုံးအခြေအနေတစ်ခုအနေနဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်ဖို့အတွက်ကျနော့် နိုင်ငံတော်က ကျနော်တို့ကိုဖိတ်ခေါ်ပါတယ်။ ဖိတ်ခေါ်တဲ့အခါကျတော့ ကျနော်တို့ငြိမ်းချမ်းရေးရယူတယ်။ အဲ့ဒီနောက်ပိုင်းက ကျနော်တို့ကတော်တော်လေးငြိမ်းချမ်းသွားပြီ ပြောရမယ်ဆိုရင် ကျနော်တို့ဆက်ပြီးတိုက်ပွဲဖြစ်နေမယ်ဆိုရင် အခုလောက်ဆိုရင် ဒီလိုမျိုးနေဖို့ ထိုင်ဖို့ သွားလာဖို့လည်းအခက်အခဲရှိမှာပဲ။ အခုတော့ တော်တော်လေးအဆင်ပြေသွားပါပြီ။

မေး ။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မထိုးရသေးတဲ့အပေါ်မှာကော ဘယ်လိုမြင်လဲ။
ဖြေ ။ ကျနောတို့ပြည်သူအတွက်လုပ်တယ်ဆိုရင် ပြည်သူအသံကိုကျနော်တို့ နားထောင်ရမယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာက ပြည်သူကိုကျနော်တို့ ကယားပြည်နယ်မှာ အထူးသဖြင့်တိုင်းရင်းသားတွေအားလုံးရဲ့ အသံကို ကျနော်တို့နားထောင်ရမှာ ဘာလုပ်သင့်လုပ်ထိုက်လဲဆိုတာကို နားထောင်ရမယ်။ ဒါပေမယ့် သူတို့က NCA လက်မှတ်ထိုးတယ် မထိုးဘူးဆိုတာက ကျနော်တို့နဲ့မဆိုင်ပါဘူး ဆိုင်တာက အစိုးရနဲ့ KNPP နဲ့ပဲဆိုင်ပါတယ်။ ကျနော်တို့သွားပြောမယ်ဆိုရင်လည်း ကျနော်တို့မှာတာဝန်လည်းမရှိပါဘူး။

မေး ။ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဘယ်လိုမျိုးမျော်လင့်ထားလဲ။
ဖြေ ။ ကျနော်တို့ကလာမယ့်အစိုးရသစ်လက်ထက်မှာ ကျနော်တို့က ဒီလိုမျိုးပဲလေး သူတို့ NCA လက်မှတ်ထိုးပြီး ပူးပေါင်းဖို့အရေးကြီးပါတယ်။ တာမှပဲ ကျနော်တို့ပြည်သူအတွက်အကျိုးရှိမှာပေါ့ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ပြည်သူက လွတ်လပ်စွာသွားလာပိုင်ခွင့်တွေ သူရဲ့လိုအပ်ချက်တွေပေါ့ အဖွဲ့အစည်းတော့ အမျိုးမျိုးရှိပါတယ် လက်ရှိအေခြေအနေအရတော့ အဖွဲ့အစည်းများတဲ့ခါကျတော့ ကျနော်တို့ပြည်သူအတွက်လည်း ဝန်ထုပ်ဝန်ပိုး အများကြီးဖြစ်ပါတယ်။ အဖွဲ့အစည်းများရင်များသလိုပေါ့ သူ့စည်းကမ်းနဲ့သူ ရပ်တည်နေတဲ့အခါကျတော့ တစ်ချို့အဖွဲ့အစည်းတွေက ရပ်တည်မှုမတူတဲ့ခါကျတော့ တစ်ခါတစ်လေပြည်သူအတွက် တစ်မျိုးဖြစ်သွားပါတယ်။ ဖြစ်သွားတယ်ဆိုတာက ဒီလိုရှိပါတယ် ပြည်သူအနေနဲ့စည်းလုံးညီညွတ်မှုရှိဖို့ အဓိကတောင်းဆိုလာပါတယ်။

မေး ။ ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအဖွဲ့အသီးသီး သူ့နယ်မြေသူ့ဒေသအလိုက်ရှိနေကြတယ်။ ဘယ်လိုနည်းအတူတကွ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ ရောက်လာနိုင်ဖို့ ဘာတွေလုပ်ဆောင်သွားကြဖို့ရှိလဲ ဆရာ့ရဲ့အမြင်က ဘယ်လိုရှိလဲ။
ဖြေ ။ အဓိကကတော့ ကျနော်တို့ရဲ့အဖွဲ့အစည်းထဲမှာဆိုရင် အပြန်အလှန်အသိအမှတ်ပြုဖို့ နောက်ပြီးတော့မှ လက်တွဲပြီးဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့သေချာပါတယ်။ ပြည်သူတွေရဲ့လိုအပ်ချက်က ဒါပါပဲ။ ကျနော်တို့တစ်ဖွဲ့စည်းနဲ့တစ်ဖွဲ့စည်း ကိုယ့်ဟာနဲ့ကိုယ်ရပ်တည်တယ်ဆိုတာက အမြဲတမ်းဖြစ်နေတဲ့ကိစ္စတော့မဟုတ်ပါဘူး။ စည်းလုံးမှုမရှိဘူးဆိုရင် ဒါကအမှားတစ်ခုပဲလို့ မြင်ပါတယ်။ တစ်ကယ်လို့ ကျနော်တို့စည်းလုံးနိုင်မယ်ဆိုရင်တော့ အဓိကခုနကပြောတာအဲ့တာ တိုင်းရင်းသားတစ်ခုတစ်ခုရဲ့ အပြန်အလှန်အသိအမှတ်ပြုပြီးတော့ အဲ့ဒီအပေါ်မှာ တစ်ချို့တွေကမကျေနပ်ဘူး။ ပေါင်းစည်းနိုင်ရေးအတွက်ကျတော့ တစ်ကယ့်ကျနော်တို့ လူမျိုးရေး၊ ဘာသာရေးတို့ မခွဲခြားပဲနဲ့ အပြန်အလှန်အသိအမှတ်ပြုမယ်ဆိုရင် ပေါင်းစည်းနိုင်မယ်လို့ အဲ့လိုပဲမြင်ပါတယ်။

မေး ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျန်းမာရေးကဏ္ဏမှာ အတူတူဆောင်ရွက်တာရှိသလိုမျိုး တစ်ခြားလုပ်ငန်းတွေမှာကော ပူးပေါင်းဆောင်ရွက်ဖို့ရှိလာနိုင်ဖို့ အလားအလာမရှိနိုင်တော့ဘူးလား။
ဖြေ ။ ပြည်သူတွေကို အကောင်အထည်ဖော်ပေးတဲ့ဟာမျိုးတော့ ကျနော်တို့လုပ်လို့ရတယ်လေး။ ဒါပေမယ့် မတူကွဲပြားတဲ့နိုင်ငံရေးအမြင်တွေလည်းရှိတယ် အဲ့တာကြောင့်မို့ ဘယ်လိုမှပေါင်းစည်းလို့မရသေးဘူး။ ကျန်းမာရေးဖက်မှာ ကျနောတို့ပေါင်းစည်းတာကလည်း မကြာခဏတော့အငြင်းအခုန်ဖြစ်တယ်။ အဲ့လိုအငြင်းအခုံဖြစ်လေလေ ကျနော်တို့ကလည်း ပိုပြီးတော့စည်းလုံးလေလေပဲ။ ဒါပေမယ့် ကျနော်တို့က အခုလောလောဆယ်မှာ အားလုံးမပေါင်းစည်းနိုင်သေးတဲ့ကာလမှာ KNPP ပဲကျန်ပါတယ်။ လက်ရှိကျနော်တို့ငြိမ်းချမ်းရေးအယူအဆတွေက အဖွဲ့အစည်းတွေအားလုံးပေါင်းစည်းပါတယ်။ တစ်ကယ်တမ်းအခွင့်အရေးရလာမယ်ဆိုရင် ကျနော်တို့စည်းလုံးမှုရှိပြီးသားပဲ။

spot_img
spot_img

Recent posts