spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်တွင်း ကျေးရွာပေါင်းရဲ့ လေးပုံသုံးပုံခန့် လျှပ်စစ်မီးရဖို့လိုနေသေး

Author

Date

Category

ခွန်းကလိုင်းဖရီး

ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းအုပ်စုရှိ စနိုက်မိုရိုကိုကျေးရွာအားမြင်တွေ့ရစဥ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်မှာ ကျေးရွာပေါင်း ၂၁၁ ရွာရှိတဲ့အနက် ကျေးရွာ ၅၀ ဝန်းကျင်သာ လျှပ်စစ်မီးရတာကြောင့် ကျေးလက်ဒေသလျှပ်စစ်မီးရရှိဖို့ ကျေးရွာပေါင်း ၁၆၀ကျော်လိုနေပါသေးတယ်လို့ ဖယ်ခုံမြို့နယ်ကျေးလက်ဦးစီးဌာနရဲ့ အချက်အလက်အရသိရပါတယ်။

အခုလိုမျိုး လျှပ်စစ်မီးရရှိတဲ့ ရဖို့ကျေးရွာတွေတော်တော်များများကျန်နေသေးတာကတော့ မြို့နယ်အတွက် ဘတ်ဂျက်မလုံလောက်တာကြောင့်လို့ ဖယ်ခုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဒေါ်မေရီနျို့က ဆိုပါတယ်။

“ အခက်အခဲတွေဆိုတာတော့ ဘတ်ဂျက်မရှိလို့ပါပဲ။ ဘတ်ဂျက်ဆိုတာ ပိုက်ဆံမလောက်လို့ပေါ့နော်။ မပေးတာ တော့မဟုတ်ပါဘူး။ ဖယ်ခုံမြို့နယ်မှာ ဒီတစ်နှစ်ဆို ကျမတို့ ၂၀၂၀-၂၁ ဘတ်ဂျက်ဆို သိန်းပေါင်း တစ်သောင်းငါး ထောင်ကျော် ကျော်လောက်ရတယ်လေ။ ဒါကျမတို့ မြို့နယ်ထဲမှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့်လုပ် ငန်းပေါ့နော်။”

လျှပ်စစ်မီးကဏ္ဍအတွက် လွှတ်တော်ကအတည်ပြုရရှိထားတဲ့ ဘတ်ဂျက်ငွေတွေကို မိုးဗြဲမြို့ပေါ်က သစ်သား တိုင်တွေကို ကွန်ကရစ်တိုင်နဲ့အစားထိုးလဲလှယ်တာ၊ ဖယ်ခုံမြို့ပေါ်က ဓါတ်ကြိုးအဟောင်းတွေကို လဲလှယ်တာနဲ့ မြို့ပေါ်တိုးချဲ့ရပ်ကွက်တွေအတွက် မီးလင်းရေးအပြင် ကုန်းဆုံအုပ်စုနဲ့ အရှေ့ဖက်ကမ်းကျေးရွာတချို့ရဲ့ မီးလင်း ရေးအတွက် လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိလျှပ်စစ်မီးမရသေးတဲ့ ကျေးရွာအများစုဟာ ဓါတ်အားခွဲရုံတွေမရှိတဲ့အတွက် မီးပေးဖို့အဆင်မပြတာ ကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်မှာတော့ ခွဲရုံတွေရရှိဖို့ တောင်းခံထားတယ်လို့ ဆိုပါတယ်။

“ဒီမှာ မီးရတာဆိုလို့ ဖယ်ခုံနယ်တစ်ဝိုက်ရယ်၊ မိုးဗြဲတစ်ဝိုက်ရယ်၊ အရှေ့ဖက်ကမ်းဆိုရင် နောင်လိုင်နား တစ်ဝိုက် ရယ် ဒါတွေပဲ ရသေးတာကို၊ အဲ့နားက ကျေးရွာတွေပဲ ရသေးတာ။” လို့ ဖယ်ခုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စွာက ဆိုပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းမှာ လျှပ်စစ်မီးမရသေးတဲ့ ကျေးရွာပေါင်း ၁၆၀ ကျော်ကျန်နေသေးတာကြောင့် ၂၀၂၁ ခုနှစ်မှာ မဟာဓါတ်အားလိုင်းပြင်ပ အစီအစဉ်ကနေ ကျေးရွာပေါင်း ၆၀ ကို ဆိုလာပြားတွေ တပ်ဆင်ပေးဖို့ ပြင်ဆင် လုပ်ဆောင်နေတယ်လို့ ၎င်းက ဆိုပါတယ်။

ဖယ်ခုံမြို့နယ်မှာ လူဦးရေ ၁ သိန်းကျော်နေထိုင်ပြီးတော့ ကျေးလက်နေပြည်သူ ၈၆ ရာခိုင်နှုန်းဝန်းကျင်ခန့် ရှိနေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts