spot_img
Homeသတင်းဆောက်လုပ်ရေးဝန်ကြီးဌာနအောက် CDM ဝန်ထမ်းတချို့ စားဝတ်နေရေး အခက်အခဲရှိ

ဆောက်လုပ်ရေးဝန်ကြီးဌာနအောက် CDM ဝန်ထမ်းတချို့ စားဝတ်နေရေး အခက်အခဲရှိ

-

တချို့သော ဆောက်လုပ်ရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်းတွေ အတွက် စားဝတ်နေရေးအခက်အခဲရှိနေ တ့ဲသူတွေရှိနေကြတယ်လို့ သိရပါတယ်။

“ချွေတာပြီးတော့ စားရတာပေါ့၊ မိသားစုကလဲများတော့ အိမ်ကလဲ အမကိုပဲမှီခိုနေတာဆိုတော့ အရင်ကစုထားတာတွေနဲ့ပဲ ချွေတာပြီးစားနေရတယ်။” လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကယားပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်လမ်းဦးစီးဌာနမှာ CDM ဝန်ထမ်း ၁၇ဦး၊ လမ်းဦးစီးဌာနမှာ CDMဝန်ထမ်း ၄ဦးတာဝန်ကနေ ရပ်စဲ ခံလိုက်ရပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ CDMလုပ်နေတဲ့ ဝန်ထမ်းတွေက CDMလုပ်ပြီး ၂လအကျော်မှာ တာဝန်ကနေရပ်ဆိုင်းခံရတာဖြစ်ပါတယ်။

ကယားပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ သပိတ်အစောပိုင်းကာလတွေမှာ CDMပြုလုပ်သူတွေများပေမဲ့ စာရင်းမပေါက်တဲ့သူတွေက Non-CDM ပြန်လုပ်တာတွေ ရှိနေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်းတစ်ဦး နောက်တစ်ဦးကပြောပါတယ်။

” အစပိုင်းကတော့ CDM တော်တော်များများလုပ်ပါတယ် နောက်ပိုင်းတော့စာရင်းမပေါက်တာရယ်။ နောက်ပြီးတော့ စာရင်းမပေါက်ဘူးပေါ့နော။ စာရင်းပေါက်တဲ့လူကတော့ လုံးဝပြန်မဝင်ပါဘူး။ ကျန်တဲ့လူတွေကတော့သူတို့ရဲ့ အခြေအနေသူတို့ရဲ့ ခံယူချက်တွေကတော့ မသိရဘူးရှင့်။ “

ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ တစ်ခြား ဌာန​အသီးသီးတွေရဲ့ CDM ဝန်ထမ်းစာရင်းတွေက်ိုတော့ မသိရသေးပါဘူး။

CDM ပြုလုပ်လို့ လစာမရတဲ့အတွက် ချွေတာစုဆောင်းထားတာတွေနဲ့ စားရပြီး ဝန်ထမ်းအိမ်ရာမှာမနေပဲ ဆွေမျိုးတွေဆီမှာ နေထိုင်ရတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက CDM ဝန်ထမ်းတစ်ဦး ပြောပါတယ်။

စစ်အာဏာရှင်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

” လုံးဝအားမငယ်ပါနဲ့ ကျမတို့လည်းအားတင်းထားတယ်။ ဒါကျမတို့ကညတရားတဲ့ဖက်မှာရပ်တည်တဲ့အတွက် ဘာပဲဖြစ်နေနေ ကျမတို့က နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်ပဲထားရမယ်။ ​​အလင်းရောင်ရမယ့်နေ့ကို ရောက်ရမယ်။ အခုဆိုရင် ကျမတို့ဘဝတွေ အမှောင်ကျနေတယ်။ တနေ့တနေ့ ကျမတို့တွေည ညဆို စိတ်ဆင်းရဲရတယ်။ မနက်မနက်ဆို စိတ်ဆင်းရဲပီးတော့နိုးထရတယ်။ ဒါပေမယ့် ကျမတို့ ပန်တိုင်ရောက်မယ့်တစ်နေ့ ရောင်နီလာမယ့်တစ်နေ့ ရောက်ကိုရောက်ရမယ်။ ကျမလုံးဝ ယုံကြည်တယ်။” လို့ပြောပါတယ်။

စစ်ကောင်စီက CDM ပြုလုပ်နေတဲ့ဝန်ထမ်းတွေကို အလုပ်ထုတ်တာတွေ၊ တရားစွဲတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ