spot_img
15.6 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းစစ်ကောင်စီမှ တင့်ကား၊ သံချပ်ကာ ကားတွေ အသုံးပြုလာတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်နှင့်PDF တို့တပ်ပြန်ဆုတ်

စစ်ကောင်စီမှ တင့်ကား၊ သံချပ်ကာ ကားတွေ အသုံးပြုလာတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်နှင့်PDF တို့တပ်ပြန်ဆုတ်

-

ကန္တာရဝတီတိုင်း (မ်)

ဒီးမော့ဆိုမြို့မရဲစခန်းကို သိမ်းယူနေစဉ် စစ်ကောင်စီတပ်မှ တင့်ကား၊ အမြောက်ကားနှင့်စစ်ကူ ရောက်လာသဖြင့် တိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့နှင့် PDF တို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းစစ်မြေပြေတွင် ရောက်နေသူတဦးမှ အတည်ပြုထားပါတယ်။

တပ်ပြန်ဆုတ်နေချိန်မှာ ဒီးမောဆိုမြို့နယ်အတွင်းမှာ ကောင်းကင်ယံမှာ လေယာဥ်ပျံတစ်စီး ပျံဝဲနေတာ ဖြစ်ပါတယ်။

လေကြောင်းနဲ့ တိုက်ခိုက်လာမှာကို ဒေသခံတွေက အထူးစိုးရိမ်နေကြပါတယ်။

ဒီကနေ့ မေလ ၂၃ ရက်နေ့ နေ့လည်ခင်းကနေစပြီး ဒီမော့ဆိုမြို့တွင်း ရပ်ကွက်၊ ကျေးရွာတွေအထိ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေ ဆက်တိုက် ရမ်းသမ်းပစ်ခတ်မှုတွေရှိနေပါတယ်။

ဒီးမော့ဆိုမြို့မရဲစခန်းတွင် တိုက်ပွဲကြာချိန် ၃ နာရီခန့်ထိ ရှိပြီး အကျဆုံးစားရင်းကိုတော့ အတိကျမသိရသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ