spot_img
12.5 C
Loikaw
Tuesday 20, January 2026
spot_img
Homeကန္တာရဝတီတိုင်း(မ်)ဒီးမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဖိုုး ၃ သိန်းကျော်ဖမ်းမိ

ဒီးမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဖိုုး ၃ သိန်းကျော်ဖမ်းမိ

-

မူအက်စတာ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အိုကေအုပ်စု၊ သာယပ်ကျေးရွာတွင် ဩဂုတ်လ ၁၂ရက်နေ့ နံနက်(၀၁းဝ၀)အချိန်တွင် မူးယစ်ဆေးဝါးနှင့် အခြားသက်သေခံပစ္စည်းများ ထပ်မံဖမ်းမိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်း၊ ရဲမှတ်တမ်းများမှ သိရှိရ သည်။

ဒီးမော့ဆိုမြို့နယ် အိုကေအုပ်စု၊ သာယပ်ကျေးရွာနေ ဦးသာရှို(ခ)မောင်ရှို၏နေအိမ်တွင် မူးယစ်ဆေးဝါးရောင်း ဝယ်နေကြောင်းနှင့် သုံးစွဲသူများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးခွင့်ဝရမ်းအမှတ်(၁/၂၀၁၆)ဖြင့် သက်သေများနှင့်အတူ ဦးသာရှို၏နေအိမ်သို့ ဒီးမော့ဆိုမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးမိုးနိုင်ဦးစီးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သက်သေများ နှင့် အတူ
သက်သေများ နှင့် အတူ

သာရှို၏နေအိမ်တွင် သာရှို၊ စောသာထူး၊ မောင်သန်း၊ မောင်ယုန်းတို့အား တွေ့ရှိရပြီး (WY) စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၁၇)ပြား ခန့်မှန်းတန်ဖိုးငွေ ကျပ်(၃၀ဝ ဝ၀ဝ )ခန့်၊ ပွိုင့် ၂၂ သေနတ်(၁)လက်၊ ကျည်(၂)တောင့်၊ (YGN 5F/8961 TOYOTA MARK (2) ယာဉ်(၁)စီးနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဝါးပိုက်တပ်အချိုရည်ဗူး တစ်ခုကို ရှာဖွေ  သိမ်းဆည်းခဲ့ကြောင်း သိရသည်။

၎င်းအမှုကို ဒီးမော့ဆိုမြို့မရဲစခန်း မယ(ပ) ၁/၂၀၁၆ မူး/စိတ်ပြောင်းပုဒ်မ ၁၅/၁၉(က)/၂၂(ခ)၂၁ ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး အမှုစစ်ဒုရဲအုပ် မောင်မောင်စိုးမှ စစ်ဆေးလျှက်ရှိကြောင်း ဒီးမော့ဆိုမြို့မရဲစခန်းမှုခင်းမှတ်တမ်းမှ သိရှိရပါသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ