spot_img
28.6 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းအနံ့ပျောက်၍ ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိသူ ၈ဦးထပ်တိုး၊ စုစုပေါင်း ၁၅၇ ဦးထိရှိလာ

အနံ့ပျောက်၍ ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိသူ ၈ဦးထပ်တိုး၊ စုစုပေါင်း ၁၅၇ ဦးထိရှိလာ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ မှာ အနံ့ပျောက်၍ ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိသူ ၈ဦးထပ်တိုးတာကြောင့် ဇူလိုင်လ ၁၇ရက်နေ့အထိ စုစုပေါင်း (၁၅၇)ဦးထိ ရှိလာပြီလို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိသူများမှာ ရန်ကုန်မြို့မှ ပြန်လာတဲ့သူအပါအဝင် အနံ့ပျောက်သူများလည်းပါဝင်တဲ့ နမ့်ဘော်ဝမ်(ခ)ရပ်ကွက်မှ အမျိုးသားတစ်ဦး၊ ဒေါဥခူရပ်ကွက်မှ အမျိုးသားနှစ်ဦး၊ ဒီမော့ဆိုမြို့ ကုန်းသာရပ်ကွက်မှ အမျိုးသားတစ်ဦး နဲ့ အမျိုးသမီး၄ ဦး တို့ ဖြစ်ကြပါတယ်။

ဇွန်လ ၂၉ရက်နေ့မှ ဇူလိုင်လ ၁၇ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၁၄၀)ဦး၊ ဖရူဆိုမြို့မှ ၅ ဦး၊ ဘောလခဲမြို့မှ ၁၁ ဦး၊ ဖားဆောင်းမြို့မှ တစ်ဦး တို့ဖြစ်ပြီ စုစုပေါင်း ပိုးတွေ့ရှိသူ (၁၅၇)ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ ၃ဦးနဲ့ ဖရူဆိုမြို့မှတစ်ဦး စုစုပေါင်း ၄ ဦး ရှိနေပြီး
ကိုဗစ် သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ ၂၃ ဦး ရှိပြီလို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ