spot_img
26.4 C
Loikaw
Wednesday 15, October 2025
spot_img
Homeသတင်းယနေ့ တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

ယနေ့ တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

-

Photo – CJ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ ဖရူဆိုမြို့နယ်အတွင်း ကဒါးလားကျေးရွာအနီးတစ်ဝိုက်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း KNDF မှ တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးသွားခဲ့တယ်လို့ KNDF-BO1 Dee Maw Soe Zone က သတင်းထုတ်ပြန်ပါတယ်။

ကျဆုံးသူ ၂ ဦးမှာ ကျောင်းဆရာဖြစ်တဲ့ မောင်ဆီမိုးနယ် (ခ) အောင်နိုင် နဲ့ မောင်ပီတာ ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း KNDF မှ ကျဆုံးမှု၊ ထိခိုက်မှုရှိခဲ့သလို စစ်ကောင်စီတပ်မှလည်း သေဆုံးမှု၊ ထိခိုက်မှု ရှိတယ်လို့ သိရပါတယ်။

၃နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိခဲ့သလို နီးစပ်ရာ ကျေးရွာမှ ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ