Wednesday, December 1, 2021

စံပြ ၆ မိုင်ကျေးရွာမှာ ပစ်သတ်ခံရတဲ့ လင်မယားနှစ်ဦး ယနေ့ သဂြိုလ်

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာလ ၁၈ ရက်နေ့ တိုက်ပွဲဖြစ်ပွားချိန် ဒီးမော့ဆိုမြို့နယ် စံပြ၆မိုင်ကျေးရွာ ဘုရားကျောင်းရှေ့မှာ ပစ်သတ်ခံရတဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့ အလောင်းကို နိုဝင်ဘာလ ၁၉ရက်နေ့ မှာ ပြန်လည်တွေ့ရှိပြီး ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ သဂြိုလ်လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ ကိုထွန်းထွန်းငြိမ်နဲ့ မချစ်စုဝေဖြစ်ပြီးတော့ အသက် ၂၂ နှစ်သာရှိကြသေးတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ကနေ ဇနီးဖြစ်သူနေတဲ့ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာကို ဆိုင်ကယ်နဲ့ နိုဝင်ဘာလ ၁၈ရက်နေ့မှာ အလုပ်လုပ်ဖို့ ဂေါ်ပြားပေါက်ပြားတို့ ပြန်ယူတဲ့အချိန် အဆက်အသွယ်မရတော့ပဲ ပျောက်သွားခဲ့တာလို့ သိရပါတယ်။

ကိုထွန်းထွန်းငြိမ်ရဲ့ မိဘတွေက နိုဝင်ဘာလ ၁၉ရက်နေ့မှာ ပြန်ရှာဖို့အသွား စံပြ၆မိုင် ဘုရာကျောင်းရှေ့မှာ မချစ်စုဝေရဲ့ အလောင်းကို တွေ့ရပြီးနောက် ကိုထွန်းထွန်းငြိမ်ရဲ့အလောင်းကို မြောင်းထဲမှာ ထပ်မံတွေ့ရှိရတယ်လို့ သူကဆက်ပြောပါတယ်။

အလောင်းပြန်တွေ့တဲ့အချိန်မှာ ဦးခေါင်းပွင့်ထွက်နေတာကို တွေ့ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

” အမျိုးသားလည်း နောက်ကနေ ပစ်တဲ့ ပုံစံမျိုးပဲ။ ရှေ့ခေါင်းပိုင်း မျက်နှာ တစ်ခြမ်းက ဦးနှောက်ကအကုန်လုံး ပွင့်ထွက်ကုန်တယ်ကော။ သူတို့ လင်မယား နှစ်ယောက်လုံးပဲ။ “

စစ်ကောင်စီတပ် နဲ့ ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့ နိုဝင်ဘာလ ၁၈ရက်နေ့မှာ စံပြ၆မိုင် ကျေးရွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူ နှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ ဇနီးမောင်နှံဟာ လက်ထပ်တာ နှစ်နှစ်ပဲရှိသေးတာဖြစ်ပြီး ကြုံရာဂျပန်း အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသွားတဲ့ ဒေသခံပြည်သူ ၁၀၂ ဦးရှိသွားပြီလို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF )က နိုဝင်ဘာလ ၁၆မှာ ထုတ်ပြန်ထားပါတယ်။

More from the blog

ဆက်သွယ်ရေးလိုင်းမရရှိတဲ့ ကျေးရွာမှာ ကလေး၊ လူငယ် ဗဟုသုတရရှိဖို့ “နွေဦးစာကြည့်တိုက်”ဖွင့်လှစ်ထား

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရရှိတဲ့ ကျေးရွာတစ်ရွာမှာ ကလေး၊ လူငယ်တွေ ဗဟုသုတရရှိဖို့အတွက် ရန်ကုန်နည်းပညာကျောင်းသားများသမဂ္ဂမှဦးဆောင်ပြီး “နွေဦးစာကြည့်တိုက်”ကို ဖွင့်လှစ်လိုက်ပါတယ်။ “ကျနော်တို့ ရန်ကုန်နည်းပညာကျောင်းသားများသမဂ္ဂကနေ ဦးစီးပြီးလုပ်ဖြစ်တာပေါ့နော။...

ရှားတောမြို့နယ် ပွန်ချောင်းအနီးမှာ တိုက်ပွဲ၅ကြိမ်ဖြစ်ပွားခဲ့

ကန္တာရဝတီတိုင်း(မ်) ရှားတောမြို့နယ် ပွန်ချောင်းအနီးမှာ စစ်ကောင်စီရဲ့ရှေ့တန်းတပ်စခန်းကို ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တို့ တိုက်ပွဲ ၅ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီသတင်းပေးဟုဆိုသူ ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးကို KDF ဖမ်းဆီး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ငွေတောင်ကျေးရွာအုပ်စုမှ စစ်ကောင်စီသတင်းပေး ( အများက ဒလန်ဟု) သတ်မှတ်ထားသော စစ်ကောင်စီလက်ထက် ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးဖြစ်သူ ဒေါ်ခင်မေစိုး ကို ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF မှ ယမန်နေ့ နိုဝင်ဘာလ ၂၅...

ဒီးမော့ဆို တစ်မြို့နယ်လုံး လျှပ်စစ်မီးနဲ့ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံရတာ လနဲ့ချီကြာနေပြီဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းကို သွယ်တန်းလာတဲ့ ဓာတ်အားလိုင်း တမင်ဖြတ်တောက်ခံရတာဖြစ်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။