spot_img
15.2 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်တိုက်ပွဲအတွင်း ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်

လွိုင်ကော်တိုက်ပွဲအတွင်း ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်းမှ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေါတမရပ်ကွက်နေ ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ တစ်ယောက်ထိထားတယ်။ ဝင်ခေါ်လို့လည်း မဖြစ်နိုင်သေးဘူး။ ဆေးရုံပို့ဖို့လည်း မရှိဘူး။ ဘယ်လိုလုပ်ရမလဲ မသိဘူး။ လက်နက်ကြီးအစတွေ နဖူးကို ထိသွားတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်သူမှာ အသက် ၃၀ ဝန်းကျင်ရှိသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားရင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ထိမှန်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျှက်ရှိနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီဖက်မှ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုများလည်း နေ့စဉ်ပြုနေတဲ့အတွက် မြို့နေ ဒေသခံထက်ဝက်ကျော်ဟာ မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ