Homeသတင်းအလယ်ကယန်းဒေသမှာ ရိုးရာတောင်ယာမီးရှို့ပွဲပြုလုပ်ခဲ့

အလယ်ကယန်းဒေသမှာ ရိုးရာတောင်ယာမီးရှို့ပွဲပြုလုပ်ခဲ့

-

ကန္တာရဝတီတိုင်း(မ်)

မတ်လ (၁၅) ရက်နေ့တွင် ဖယ်ခုံမြို့နယ် အလယ်ကယန်းကျေးရွာအုပ်စု သာယုကျေးရွာမှာ ရိုးရာအရ တောင်ယာမီးရှို့ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

တောင်ယာမီးရှို့ပွဲပြုလုပ်ခြင်းကြောင့် သီးနှံအထွက်ပိုကောင်းစေတယ်လို့ ဘိုးဘွားလက်ထက်ကတည်းက ယုံကြည်လက်ခံကြပြီး နှစ်စဥ်ကျင်းပလေ့ရှိပါတယ်။

” မလုပ်လို့မရဘူး မလုပ်နိုင်ရင်လည်း နည်းနည်း ပါးပါး လုပ်ရမှာ။ ဘာဖြစ်လို့လဲဆိုရင် ဒီသမိုင်း၊ ဒီရာဇဝင်၊ ဒီရိုးရာဓလေ့ဆိုတာ ကျနော်တိုအလုံးဝမပယ်ဖျက်ဘူး အဲ့တာတော့” လို့ ရွာတာဝန်ခံတစ်ဦးကပြောပါတယ်။

နှစ်စဥ်နှစ်တိုင်းကျင်းပပြုလုပ်တဲ့ တောင်ယာမီးရှို့ပွဲကို ရက်ကောင်းရက်မြတ်ရွှေးပြီး ကျင်းပကြပါတယ်။ အလယ်ကယန်းဒေသမှာတော့ တောင်ယာမီးရှို့ပွဲကို သာယုကျေးရွာက အရင်စမှသာ ကျန်သောတစ်ခြားဒေသတွေက နောက်မှကျင်းပကြရပါတယ်။

တောင်ယာမီးရှို့ခြင်းကို မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တွင် မီးရှို့ကြပြီး ၁၅ ရက်နေ့မှာတော့ ရိုးရာဗုံပလွေ တီးမှုတ်ခြင်း၊ ရိုးရာအက ကပြခြင်း၊ ညဖျော်ဖြေရေးအစီအစဥ်များနှင့် ဧည့်ခံကျွေးမွေးခြင်း အစီအစဥ်များဖြင့် တောင်ယာမီးရှို့ပွဲကိုပြုလုပ်ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ