spot_img
15.6 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းလွိုင်ကော် PDFက လွိုင်ကော်မှာ စနိုက်ဘာ ပြောက်ကျားပစ်ခတ် စစ်ကောင်စီ ၁ဦး သေဆုံး

လွိုင်ကော် PDFက လွိုင်ကော်မှာ စနိုက်ဘာ ပြောက်ကျားပစ်ခတ် စစ်ကောင်စီ ၁ဦး သေဆုံး

-

လေးမြာ (ကန္တာရဝတီတိုင်း(မ်))

ယနေ့ မနက် ၉:၂၀ မိနစ် (မေလ ၁၂ ရက်နေ့) မှာ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ လမ်းခွဲတစ်ဝိုက်တွင် လွိုင်ကော် PDF တပ်ခွဲ (၅) / KA နှင့် KNDF တပ်ရင်း (၂) ပူးပေါင်း စနိုက်ဘာတပ်ဖွဲ့ တို့မှ ပြောက်ကျား စနိုက်ဘာ ပစ်ခတ်မှု ပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီ တပ်သား ၁ဦးသေဆုံးတယ်လို့ PDF Loikaw facebook page မှာ ဒီကနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။

၁၅ မိနစ်ခန့် ကြာမြင့်ခဲ့တဲ့ တိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့ဖက်မှာ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာ လမ်းခွဲတစ်ဝိုက်တွင် ဖြတ်သန်းသွားလာနေကြသော မိဘပြည်သူများ အထူး သတိပြုကာ ရှောင်ရှားသွားလာခြင်းမပြုကြဖို့ ထုတ်ပြန်ချက်မှာ ပန်ကြားထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ