spot_img
30.9 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအပစ်ရပ်အေးချမ်းတည်ငြိမ်မှုထိန်းသိမ်းကာကွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရန် ကယန်းပြည်သစ်ပါတီ ဥက္ကဌ ပြောကြား

အပစ်ရပ်အေးချမ်းတည်ငြိမ်မှုထိန်းသိမ်းကာကွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရန် ကယန်းပြည်သစ်ပါတီ ဥက္ကဌ ပြောကြား

-

ခွန်းကလိုင်းဖရီး (ကန္တာရဝတီတိုင်း(မ်))

ဒီကနေ့ (ဇွန်လ ၄) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာရှိ ကယန်းပြည်သစ်ပါတီရဲ့ ဗဟိုဌာနချုပ်မှာ (၅၈) နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်း အနားကို ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ကယန်းပြည်သစ်ပါတီဥက္ကဌ ဦးသန်းစိုးနိုင်က အပစ်ရပ်အေးချမ်းတည်ငြိမ်မှုထိန်းသိမ်းကာကွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရန် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါ တယ်။

ပါတီဥက္ကဌရဲ့ မိန့်ခွန်းကို ဗိုလ်မှူးကြီးစိုးနိုင်သန်းက ပြန်လည်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်။

“ကယန်းအမျိုးသား လက်နက်ကိုင်တော်လှန်ရေးရဲ့ (၅၈) နှစ်အတွင်း ချွေး၊ သွေး၊ အသက်ပေးဆပ်ရမှုမှ ရရှိခဲ့သော အပစ်ရပ်အေးချမ်းတည်ငြိမ်မှုအပါအဝင် အချိန်ပေးတည် ဆောက်ရယူ ခဲ့သော ဖွံ့ဖြိုးမှုအခြေခံအဆောက်အအုံများနှင့် အောင်သီးအောင်ပွင့်များကို ထိန်းသိန်းကာကွယ်၍ ကယန်းအမျိုး သားတို့ရဲ့ နိုင်ငံရေးဦးတည်ချက်ဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်ပါရှိသည့် ကယန်းကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသပါဝင် သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်တည်ဆောက်ရေးပန်းတိုင်သို့ အရောက်ဆက် လက်ချီ တက်သွားကြပါစို့လို့ လှုံ့ဆောက်တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။”လို့ မိန့်ခွန်မှာ ပြောကြားခဲ့တာပါ။

ကယန်းပြည်သစ်ပါတီဟာ ၁၉၆၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့မှာ လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့ပြီး ၁၉၉၄ ခုနှစ် မှာ စစ်အစိုးရ နဲ့ အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အပစ်ခတ်ရပ်စဲရေးလုပ်ပြီးနောက်ပိုင်းမှာ ကယန်းဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ပေးခဲ့တယ်လို့လည်း မိန်းခွန်းမှာပါရှိပါတယ်။

“ထိုသို့ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသည်နှင့် တပြိုင်တည် အခြေခံကျတဲ့ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နည်းလမ်းကောင်းများ ရှာဖွေပြီး လူမျိုး တိုင်းတန်းတူမျှတသော ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်ကိုပါ တည်ဆောက်သွားရန် ဖြစ်ပါသည်။” လို့ ဥက္ကဌရဲ့ မိန့်ခွန်းမှာပါရှိပါတယ်။

အဲဒီ အခမ်းအနားမှာ ကယန်းပြည်သစ်တပ်မတော်မှ စစ်ရေးပြတာတွေနဲ့ ကယန်းပြည်သစ်ပါတီဥက္ကဌ၊ ကယန်းပြည်သစ်တပ်မတော် စစ်ဦးစီးချုပ်၊ ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ၊ ကယန်းပြည်သူလူထုကိုယ်စားတို့မှ ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။

ကယန်းပြည်သစ်ပါတီဟာ ပါတီအနေနဲ့ ကယန်းပြည်သစ်ပါတီ (KNLP)၊ တပ်မတော်အနေနဲ့ ကယန်းပြည်သစ်တပ်မတော် (KNLA)နဲ့ ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ ဆိုတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (KNRC) ဆိုပြီး ဖွဲ့စည်းထားကြောင်းသိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ