spot_img
26.2 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်မြို့မှာ ဓာတ်ဆီစျေး တစ်လီတာ ၁၉၇၅ကျပ် ပေါက်စျေးရှိလာ

လွိုင်ကော်မြို့မှာ ဓာတ်ဆီစျေး တစ်လီတာ ၁၉၇၅ကျပ် ပေါက်စျေးရှိလာ

-

ကန္တာရဝတီတိုင်း( မ် )

စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ လွိုင်ကော်မြို့ ရည်ညွှန်းဓာတ်ဆီစျေးနှုန်း ထုတ်ပြန်ချက်အရ ဓာတ်ဆီ 92 တစ်လီတာ ၁၉၇၅ကျပ်နဲ့ 95 တစ်လီတာ ၂၀၆၀ ကျပ်အထိ ပေါက်စျေးရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ရက်နေ့က 92 တစ်လီတာ ၂၀၁၀ကျပ် ပေါက်စျေးရှိပြီး ဒီကနေ့ (ဒီဇင်ဘာလ ၁၉ရက်)မှာတော့ ၁၉၇၅ကျပ် အထိ ပေါက်စျေးရှိနေပေမယ့် စက်သုံးဆီအရောင်းဆိုင်ကြီးနဲ့ ဆိုင်ငယ် ဈေးနှုန်းကွာခြားမှုရှိတယ်လို့ လွိုင်ကော်မြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။

ဓာတ်ဆီစျေးနှုန်းတွေ တဖြည်းဖြည်း ပြန်လည်ကျဆင်းနေပေမယ့် တခြားလူသုံးကုန်စျေးနှုန်းတွေကတော့ မြင့်တက်နေဆဲဖြစ်ပြီး အခြေခံစားသောက်ကုန်စျေးနှုန်းတွေလည်း ပုံမှန်မြင့်တက်နေသေးတယ်လို့ လွိုင်ကော်မြို့မှာ နေထိုင်သူတွေက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် လွိုင်ကော်မြို့တွင်းမှာ ဓာတ်ဆီစျေး တစ်လီတာကို ၃၅၀၀ကျပ် အထိ၊ ကျေးလက်ဒေသဖက်မှာ တစ်လီတာကို ၅၀၀၀ကျပ် ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာလကုန်ကစ ပြန်လည်ကျဆင်းလာတာဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက တချို့နေရာတွေမှာတော့ ဓာတ်ဆီစျေး 92 တစ်လီတာကို ၂၅၀၀ ကျပ်အထက် ပေါက်စျေးရှိနေပြီး တစ်ဆိုင်နဲ့ တစ်ဆိုင် စျေးနှုန်းဟာလည်း တူညီမှုမရှိဘူးလို့ ဒီးမော့ဆိုမြို့မှာ စစ်ဘေးရှောင်နေသူတွေက ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ