spot_img
13 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဆယ်တခဲအထက်တန်းကျောင်းမှာ ကျောင်းဖတ်စာအုပ် လိုအပ်နေဆဲ

ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဆယ်တခဲအထက်တန်းကျောင်းမှာ ကျောင်းဖတ်စာအုပ် လိုအပ်နေဆဲ

-

CJ ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆယ်တခဲ စစ်ဘေးရှောင်စခန်းမှာ ကျောင်းသူ၊ကျောင်းသားတွေအတွက် ကျောင်းဖတ်စာအုပ်တွေလိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံ ဒေါ်ရုသရှားမာ ကပြောပါတယ်။

“ကျောင်းအတွင်းမှာတော့ ကလေးငယ်များအတွက် ဖတ်စာအုပ်လိုနေသေးတယ်၊ အဓိက ဖတ်စာအုပ် တစ်ခုဖြစ်နေသေးတယ်။”လို့ ဒေါ်ရုသရှားမာက ပြောပါတယ်။

အဆိုပါ အထက်တန်းကျောင်းကို ၂၀၂၁ မှာ စတင်ပြီး ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပြီး မူလတန်း အနေဖြင့် ၁၄၅ ဦး၊ အလယ်တန်း ၁၀၄ ဦး၊ အထက်တန်းအဆင့် ၉၉ ဦးတို့အား ကိုဗစ်ကြောင့် နစ်နာသွားတဲ့ ပညာသင်နှစ်ကို အစားထိုးကာ အတန်းတင်နိုင်ခဲ့တယ်လို့ ကျောင်းတာဝန်ခံကပြောပါတယ်။

ယခုနှစ် ပညာသင်နှစ်ကို ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ စတင် သင်ကြားခဲ့ပြီး လာမယ့် မေလအထိ ၆ လကြာ သင်ကြားမှာဖြစ်တယ်လို့ ကျောင်းတာဝန်ခံက ဆက်ပြောပါတယ်။

“ကျမတို့က ဘယ်လိုရည်ရွယ်လဲဆိုတော့ စစချင်းလာဖွင့်တဲ့နေ့ကို ကလေးတွေက ကိုဗစ်မှာ တစ်နှစ် နစ်နာထားတာလေး၊ ပထမအသုတ်ကို ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်၊ ဒုတိယအသုတ်ကိုတော့ နိုင်ငံရေးအခြေနေကြောင့် ၂၀၂၁-၂၀၂၂ အနေနဲ့ အတန်းတင်လိုက်ပီ၊ တတိယအသုတ်ကိုတော့ ၂၀၂၂-၂၀၂၃ ခုနှစ် ဆိုတော့ လာမယ့် ၂၀၂၃-၂၀၂၄ မှာတော့ ကလေးတွေက အသက်နဲ့ အတန်းကိုတော့ ကိုက်သွားပြီပေါ့၊ အလယ်တန်း၊ အထက်တန်းမှာတော့ နည်းနည်းနောက်ကျမယ်၊ ၆ လတစ်ဖြတ် သင်ကြားနေတာကြောင့် အရေးကြီးပိုင်းကို Myanmar၊ English၊ Math စတဲ့ဘာသာကို အဓိက သင်ကြားပေးနေပါတယ်၊” လို့ ဒေါ်ရုသရှားမာက ပြောပါတယ်။

ဆယ်တသဲ အထက်တန်းကျောင်းဟာ ၃ နှစ်အတွင်း ကျောင်းမနေရတဲ့ အဲဒီဒေသက ကလေးငယ်တွေကို အတတ်နိုင်ဆုံးဆွဲခေါ် သင်ကြားပေးနေပြီး၊ ကျောင်းအချိန်တွေမှာ ကလေးငယ်တွေကို စိတ်ဝင်စားမှုရှိလာအောင် ဂီတ၊ ပန်းချီ၊ အနုပညာ တွေကိုပါ ထည့်သွင်းသင်ကြားပေးနေတယ်လို့ ပြောပါတယ်။

လက်ရှိ ၂၀၂၃ ခုနှစ် ပညာသင်နှစ်မှာ ဖရူဆိုမြို့နယ် ဆယ်တခဲအထက်ကျောင်းကို ကျောင်းဆရာ/မများ ၂၂ ဦးနဲ့သင်ကြားပေးနေပြီး ကျောင်းသူ/သားပေါင်း ၃၀၀ ကျော် ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ