spot_img
19.5 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်း(၉၆)ပါးရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ကရင်နီတပ်မတော် တပ်ရင်း ၂ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးရှေးရယ် ဈာပနအခမ်းအနားပြုလုပ်

(၉၆)ပါးရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ကရင်နီတပ်မတော် တပ်ရင်း ၂ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးရှေးရယ် ဈာပနအခမ်းအနားပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

(၉၆)ပါးရောဂါနဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တဲ့ ကရင်နီတပ်မတော် အမှတ်(၁) နည်းဗျူဟာ၊ အမှတ်(၂)တပ်ရင်းမှာ ဒုတပ်ရပ်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးရှေးရယ်(ခ) ရှေးလော်ရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီလ ၆ရက်နေ့ ကရင်နီတပ်မတော်ဌာနချုပ် ညာမိုမှာ ပြုလုပ်သွားခဲ့ပါတယ်။

ဗိုလ်မှူးရှေးရယ်(ခ) ရှေးလော် ကွယ်လွန်ချိန်မှာ အသက် (၅၉)နှစ်ရှိပြီဖြစ်ပါတယ်။ အဖဦးတူရယ်၊ အမိ ဒေါ်ဘူးမြာတို့မှ ၁၉၆၄ခုနှစ်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဒေါတငူးကျေးရွာမှာ မွေးဖွားခဲ့ပြီး ညီအစ်ကိုမောင်နှမ (၇)ဦးအနက် အကြီးဆုံးသားဖြစ်ပါတယ်။

ဗိုလ်မှူးရှေးရယ်ဟာ ၁၉၈၉ခုနှစ်မှာ ကရင်နီအမျိုးသားခုခံတော်လှန်ရေးကိုဝင်ရောက်ခဲ့ပြီး ကရင်နီတပ်မတော်ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် (၂၅)ကို တက်ရောက်အောင်မြင်ခဲ့ပြီးနောက် အမှတ်(၂)တပ်ရင်းမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှစ အမိန့်နာခံမှုရှိသူ၊ ကြိုးစားအားထုတ်သူဖြစ်တဲ့အတွက် တပ်ကြပ်၊ တပ်ကြပ်ကြီး၊ ဒုဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီးအဖြစ် အဆင့်ဆင့် ရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။ တိုက်ခိုက်ရေးမှာ ရဲရင့်မှု၊ ဦးစီးဦးဆောင်မှုနဲ့ စွမ်းဆောင်ရည်ပွင့်ဝတဲ့အရည်အချင်းတို့ကြောင့် အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၁)မှ တပ်ခွဲမူးအဖြစ်မှတဆင့် ၂၀၁၆ခုနှစ်မှာ ဒုတပ်ရင်းမှူးအဖြစ် တရားဝင်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ကရင်နီအမျိုးသားတစ်ရပ်လုံးအနေနဲ့ စစ်အာဏာရှင်တို့ရဲ့ မတရားဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန် ၁၉၄၈ခုနှစ်မှစတင်ပြီး ယနေ့အထိ ခုခံတော်လှန်ရေးဆင်နွဲနေရဆဲအချိန်မှာ ဗိုလ်မှူးရှေးရယ်အား ဆုံးရှုံးရတဲ့အတွက် ကရင်နီတပ်မတော် အမှတ်(၂)တပ်ရင်း မှ ကျန်ရစ်သူမိဘဆွေမျိုး၊ ကရင်နီပြည်သူတစ်ရပ်လုံးနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ