spot_img
29.4 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

-

CJ (သတင်းပေးပို့ချက်)

ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။

“လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။ အကုန်လုံးက စစ်ဘေးရှောင်လူငယ်တွေပဲဆိုတော့ ပျော်ပျော်ပါးပါးနဲ့ ဗဟုသုတရအောင်၊ စိတ်ဓာတ်မြှင့်တင်ရေးပိုင်းတွေ၊ ဘာသာတရားယုံကြည်မှုတွေ၊ စစ်ရှောင်စခန်းထဲမှာ အလကားနေတာထက်စာရင် လူငယ်တွေ ပိုမိုတိုးတက်ဖို့ ဒီလိုသင်တန်းတွေ လုပ်ပေးဖြစ်တယ်” လို့ သူက ပြောပါတယ်။

သင်တန်းအတွင်းမှာ လူ့အခွင့်အရေး၊ လူငယ်စိတ်ဓာတ်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးပညာပေးခြင်း၊ ကက်သလစ်ဘာသာ ယုံကြည်ကိုးကွယ်မှု၊ အကဖျော်‌ဖြေမှုတို့ကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ သင်တန်းဆရာ/ဆရာမတွေက လာရောက်ပို့ချ‌ပေးတယ်လို့ ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်တွေအချင်းချင်း ပိုပြီးရင်းနှီးသင့်မြတ်စေဖို့၊ ပြည်သူအချင်းချင်း လူတန်းစားခွဲခြားမှုမရှိဘဲ မေတ္တာတွေ ပိုတိုးပွားစေဖို့၊ အပြန်အလှန် ဖေးမ ကူညီတတ်စေဖို့၊ လူငယ်တွေက မိမိဒေသ အနာဂတ် ကိုယ့်အနာဂတ်အတွက် အကျိုးပြုနိုင်စေဖို့ စတဲ့ အ‌ခြေခံရည်ရွယ်ချက်တွေနဲ့ သုံးရက်တာ သင်တန်းကို ပို့ချပြီး သင်တန်းတက်ရောက်လာသူတွေကို ရှပ်အင်္ကျီအဖြူတွေ လက်ဆောင်ပေး ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးမှစ၍ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၂သိန်းထိ ရှိနေပြီး ယနေ့ချိန်ထိ စစ်ဘေးရှောင်နေရသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ