spot_img
29.4 C
Loikaw
Tuesday 27, January 2026
spot_img
Homeမာလ်တီမီဒီယာကရင်နီပြည်မှာ ၄ လအတွင်း အရပ်သားပြည်သူ ၂၂ ယောက်သေဆုံး

ကရင်နီပြည်မှာ ၄ လအတွင်း အရပ်သားပြည်သူ ၂၂ ယောက်သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ၄ လအတွင်းအရပ်သားပြည်သူ ၂၂ ဦးသေဆုံးခဲ့တယ်လို့ မေလ (၁)ရက်နေ့ က တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ထုတ်ပြန်ချက်အရ သိရပါတယ်။

” အရပ်သားသေတာက စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်တာပေါ့နော အဲဒါက ၇ယောက်ရှိတယ်။ နင်းမိုင်းကို နင်းမိပြီး သေဆုံးတာ ၄ယောက်ပေါ့။ လေကြောင်းပစ်ခတ်မှုကြောင့် သေသွားတဲ့ အရပ်သားက ၇ယောက်ပေါ့။ လက်နက်ကြီး ၊ လက်နက်ငယ်ထိမှန်မှုကြောင့် သေဆုံးတာက ၄ယောက်ပေါ့။ အားလုံးပေါင်း ၂၂ယောက်ပေါ့နော။ ” လို့ PKPF တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။

အများစုက ဒီးမော့ဆို၊ လွိုင်ကော်၊ ဘောလခဲ နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ ဒေသတွေက ဖြစ်ပြီး အသက် ၂၀ နဲ့ ၄၀ အရွယ်လူလတ်ပိုင်းတွေဖြစ်ကြသလို ကျား ၂၀ ဦး၊မ ၂ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကာကွယ်ဖို့ အသိပညာနည်းပါးသေးတာကြောင့်လည်း ပြည်သူတွေ ထိခိုက် သေဆုံးနေရတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသား တစ်ဦးက ပြောပါတယ်။

” ဒီလေကြောင်းနဲ့ပတ်သက်တဲ့အသိပညာပေးတွေ။ လေကြောင်းရန်ကနေလာရင်ဘာတွေလုပ်ရမလဲအ့လိုမျိုးအသိပညာပေးတွေလည်းအများကြီးလိုသေးတယ်လို့ ကျနော် တစ်ယောက်အနေနဲ့လည်းမြင်ရတယ်ပေါ့နော ”

ဝေဟင်ရန်ကာကွယ်ဖို့ ပြည်သူတွေအနေနဲ့လည်း အတတ်နိုင်ဆုံး ဗုံးခိုကျင်းတွေတူးထားနိုင်တာ အကောင်းဆုံးဖြစ်တယ် လို့သူကဆက်ပြောပါတယ်။

အရပ်သားပြည်သူသေဆုံးမှု အများဆုံးမှာ စစ်ကောင်စီရဲ့ ညှင်းဆဲ သတ်ဖြတ်မှုကြောင့်ဖြစ်ပြီး ဝေဟင် တိုက်ခိုက်မှုကြောင့် သေဆုံးခြင်းဟာ ဒုတိယ အဆင့်မှာရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည် နဲ့ ရှမ်းပြည်တောင်ပိုင်းဒေသ တချို့အပါအဝင် ၂၀၂၃ခုနှစ်၊ မေလ (၁)ရက်နေ့အထိ အရပ်သားသေဆုံးသူ (၃၁၈)ဦးအထိ ရှိခဲ့တယ်လို့ PKPF လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ