spot_img
Homeသတင်းဒီးမော့ဆိုအနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်လာ

ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်လာ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ကင်းထောက်တာ၊ တိုက်ခိုက်တာတွေကို ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ အသေခံဒရုန်း ၄ စီး ပျံဝဲလာပြီးနောက် ဒီးမော့ဆိုအနောက်ဘက်ခြမ်းတနေရာကို ၃ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒရုန်းလေးစီးလာတယ်။ သုံးစီးပဲချသွားတယ်။ ဒရုန်းချလို့ ကျောက်ခဲထိပြီး ကျောက်ခဲစက အဲ့အနီးနားက မွေးကင်းစကလေးကို နည်းနည်းထိသွားတယ်” လို့ အနီးနားနေထိုင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတစီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အလားတူ အဲဒီ့ညပိုင်း ၁၁ နာရီကျော်အချိန်မှာလည်း လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ မကြာခဏ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။

ကန္တာရဝတီတိုင်း ( မ် ) ရဲ့ လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းတွေအရ ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်အနီးမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အရပ်သားထိခိုက်မှုတွေလည်း ရှိနေပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ