spot_img
18.3 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကောင်စီရဲ့ ရဟတ်ယာဥ် ရက်ဆက်ပျံသန်းမှုတွေကြောင့် ဒေသခံတွေစိုးရိမ်

စစ်ကောင်စီရဲ့ ရဟတ်ယာဥ် ရက်ဆက်ပျံသန်းမှုတွေကြောင့် ဒေသခံတွေစိုးရိမ်

-

CJ(ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်ဘက်နဲ့ ဘောလခဲဘက်ကို စစ်ကောင်စီ ရဲ့ ရဟတ်ယာဥ်တွေ တစ်ပတ်ကြာအောင် ရက်ဆက် ပျံသန်းနေတာကြောင့် ဖရူဆိုမြို့နယ်က ဒေသခံတွေစိုးရိမ်နေကြပါတယ်။

“ရဟတ်ယာဥ်တော့ အမြဲ သွားနေတာပဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲပေါ့၊ မြောက်ဘက်ကနေ တောင်ဘက်ဆင်းတယ်၊ ပြန်တက်လာရင် အရှေ့မြောက်ဘက် တက်သွားတယ်၊ အမြဲတမ်းပဲ။” လို့ ဖရူဆိုမြိုနယ် ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဆိုပါ ရဟတ်ယာဉ်တွေနဲ့ လူအင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းနေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ဇွန်လ ၂၂နေ့ကစ သုံးရက်ဆက်တိုက် မနက်အစောပိုင်းမှာစစ်ကောင်စီက ဖရူဆိုမြိုနယ် အနောက်ဘက်ခြမ်း ကျေးရွာသုံးရွာကို လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုတွေရှိခဲ့ပါတယ်။

ကရင်နီပြည်နယ် ဖရူဆို၊ ဒီးမော့ဆိုမြိုနယ် အတွင်း တိုက်ပွဲမကြာခဏ ဖြစ်ပွားလျက်ရှိပြီး ယခုလို စစ်ရဟတ်ယာဥ် ရက်ဆက်ပျံသန်းသွားမှုနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျေးရွာဒေသခံအချိုနဲ့ စစ်ရှောင်များက စိုးရိမ်ပူပန်မှုတွေရှိနေကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ