spot_img
15.1 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလက်နက်နဲ့ ကရင်နီပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတဲ့ စစ်ကောင်စီ တပ်သားတစ်ဦးကို ဆုငွေသိန်း ၅၀ ချီးမြှင့်

လက်နက်နဲ့ ကရင်နီပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတဲ့ စစ်ကောင်စီ တပ်သားတစ်ဦးကို ဆုငွေသိန်း ၅၀ ချီးမြှင့်

-

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) လက်အောက်၊ ကရင်နီပြည်သူ့ရင်ခွင် CDM ဌာနကနေ လက်နက်နဲ့အတူ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို ယမန်နေ့ (အောက်တိုဘာလ ၂၃ရက်) မှာ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ကရင်နီပြည်သူ့ရင်ခွင် တာဝန်ခံ ကိုယုန်လေးက ပြောပါတယ်။

“လက်နက် ၂လက် နဲ့၀င်လာတဲ့တပ်သားတစ်ယောက်ကို ကျပ်သိန်း ၅၀ ပေါ့နော။ ကျနော်တို့ အဲ့ဒါသူ့ကိုချီးမြှင့်တယ်ပေါ့နော”လို့ တာဝန်ခံ ကိုယုန်လေးက ပြောပါတယ်။

အဆိုပါ တပ်သားဟာ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀)တပ်က အသက် ၁၉ နှစ်အရွယ်ရှိသူ ပြည့်စုံဖြိုးဝေဖြစ်ပြီး စက်တင်ဘာလအတွင်းက KNDF တပ်ရင်း (၂)ထံ ဆက်သွယ်ခိုလှုံလာခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က လွိုင်ကော်မြို့နယ် ကယန်းသာယာစခန်းမှာ ကင်းစောင့် တာဝန်ကျနေစဉ် MA-3 ၊ M 79 သေနတ် နှစ်လက်နဲ့ ကျည်တောင့် ၂၀၀ ကျော် ယူဆောင်ပြီး ထွက်ပြေးလာခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်သူ့ရင်ခွင်ကနေ အခုလို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆုငွေချီးမြှင့်ပေးတာရှိပြီး လူထုနဲ့အတူ ရပ်တည်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ ကိုယုန်လေးက ဆက်ပြောပါတယ်။

“ဒီထက်ပိုပြီးတော့ ပူးပေါင်းဖို့ အမြဲတမ်းဖိတ်ခေါ်တယ်ပေါ့နော။ ကျနော်တို့က တစ်ယောက်နှစ်ယောက်ထက် လုံး၀ အများလိုချင်တယ်။ တပ်ရင်းအလိုက် တပ်ခွဲအလိုက် စစ်ကောင်စီကိုပုန်ကန်တဲ့မျိုး မြန်မာနိုင်ငံမှာ စံပြဖြစ်တယ်ဆိုတဲ့မျိုးကို လိုချင်တယ်ပေါ့နော”လို့ သူက ပြောပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) လက်အောက်က CDM ဌာနမှာ စစ်ကောင်စီတပ်သားတွေအတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေးအစီအစဉ်တွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ CDM ဌာန ဖွဲ့စည်းပြီး ၂ နှစ်ကျော်အတွင်း ကရင်နီပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတဲ့ စစ်ကောင်စီလက်အောက်ခံတပ်သား ၁၅၀ ကျော်ရှိပြီလို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ