spot_img
28.6 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ကယန်းပြည်သစ် တပ်ဖွဲ့ ဝင် ၂ ဦးကျဆုံး

ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ကယန်းပြည်သစ် တပ်ဖွဲ့ ဝင် ၂ ဦးကျဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ပိတ်မိနေသေးတဲ့ ဒေသခံ ပြည်သူတွေကို ကယ်ထုတ်ရင်း ကယန်းပြည်သစ် တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးသွားတယ်လို့ ကယန်းပြည်သစ်ပါတီ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်တပ်က ပစ်တာပေါ့ ပစ်တော့ သူကလဲ အမှန်သူက အလန့်တကြားနဲ့ ဆက်မောင်းလိုက်တာပေါ့။ ဆက်မောင်းတော့ ထပ်ပစ်လိုက်တယ် တစ်ယောက်က ပွဲချင်းပြီးပေါ့။ ကားလဲ မောင်းလို့မရတော့ဘူး နှစ်ယောက် ဒဏ်ရာရတယ်ပေါ့ ဒဏ်ရာတစ်ယောက်က ပြင်းထန်တယ် ပြန်သယ်လာတာ လမ်းမှာပဲ ထပ်ပြီးတော့ ဆုံးသွားတယ်လေ” လို့ ကယန်းပြည်သစ်ပါတီရဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ကျဆုံးသွားတဲ့ ကယန်းပြည်သစ် တပ်ဖွဲ့ဝင်တွေဟာ စောခွားဒို နဲ့ စောနေမှူးဖြစ်ပြီး ပိတ်မိနေတဲ့ စစ်ရှောင် ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးသွားတာဖြစ်ပါတယ်။

(၁၁.၁၁) စစ်ဆင်ရေး စတင်တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့ကစပြီး ၁၄ရက်မြောက်နေ့အထိ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်သလို လွိုင်ကော်မြို့တွင်းမှာ ဒေသခံအများစု ကျန်ရစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ