spot_img
28.6 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဖရူဆိုမြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင် နေအိမ် ၄၀ ကျော် ပျက်စီး

ဖရူဆိုမြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင် နေအိမ် ၄၀ ကျော် ပျက်စီး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ မေလ ၂ ရက်နေ့ ညနေ ၇နာရီကျော် အချိန်မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၄၀ ကျော် ပျက်စီးသွားတယ်လို့ ကယောလူငယ်အဖွဲ့အစည်း (KwYO) ရဲ့အတွင်းရေးမှုး ကိုနိုင်နိုင်ထွေးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“နောက်အိမ်ခြေက ကျနော်တို့ ခန့်မှန့်ခြေ ၄၀/၅၀ လောက်ပျက်တယ်ဆိုတော့ ထက်ဝက်‌ကျော်လောက်တော့ ပျက်စီးသွားတယ်”လို့ ကိုနိုင်နိုင်ထွေးကဆိုပါတယ်။

စစ်ရှောင်တဲတွေမှာ အသုံးထားတဲ့ မိုးကာတွေဟာ ဆွေးမြေးလာပြီဖြစ်သလို လေပြင်းမုန်တိုင်းကြောင့် ပျက်ဆီးသွားတယ်လို့ ကိုနိုင်နိုင်ထွေးကဆက်ပြောပါတယ်။

“စစ်‌ရှောင်တွေက နေလာတာကကြာပြီဆိုတော့ မိုးကာတွေက ဆွေးမြေးယိုယွင်းလာတာတွေဖြစ်တယ်။ တချို့တွေဆို အမိုးပဲ ပြဲသွားတာမျိုးမဟုတ်ပဲနဲ့ ဘေးနားကာထားတဲ့ တချို့အကာတွေလည်းရှိတာပေါ့နော်။ ဆိုတော့ ရာသီဥတုဒဏ်ကြောင့်တွေ ကျနော်တို့ပေါ့နော် ဆွေးမြေ့ပြီးပြဲသွားတာရှိတယ်။”လို့ သူကဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၂၀ရှိပြီး လူဦးရေ ၇၀၀ ကျော် ရှိတယ်လို့သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ