spot_img
26.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းမိုးဗြဲလူမှုကယ်ဆယ်ရေးအသင်းမှာ မွေးခန်းပါ တိုးချဲ့ဖွင့်လှစ်ထား

မိုးဗြဲလူမှုကယ်ဆယ်ရေးအသင်းမှာ မွေးခန်းပါ တိုးချဲ့ဖွင့်လှစ်ထား

-

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတဲ့ မိုးဗြဲလူမှုကယ်ဆယ်ရေးအသင်း ( MBRT) ဟာ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမီးဖွားနိုင်ဖို့ မွေးခန်းကို တိုးချဲ့ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မွေးခန်းကို ဖွင့်လှစ်ထားတာကြောင့် သွားလာရေးအဆင်မပြေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် မီးဖွားရာမှာ အဆင်ပြေစေနိုင်မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ဖွင့်လှစ်ပြီးနောက် တစ်လအတွင်း ရင်သွေးငယ်လေး ၂၀ ဦးကို မီးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မူလရှိနှင့်ပြီးသား ဝန်ထမ်းတွေကနေ တာဝန်ထမ်းဆောင်သွားကြတယ်လို့ MBRT တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကလေးမွေးခန်းက လွန်ခဲ့သော နှစ်လခန့်ကမှ ဖွင့်ထားတာပါ။ ဝန်ထမ်းအသစ်တွေနဲ့တော့ မဟုတ်ဘူးပေါ့နော်။ အရင်ကတည်းက အတူတူလုပ်ဆောင်ခဲ့တဲ့ စေတနာ့ဝန်ထမ်းဆရာမတွေနဲ့ ဖွင့်လှစ်ထားတာပါ။”လို့ MBRT မှတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မိုးဗြဲလူမှုကယ်ဆယ်ရေးအသင်း အနေနဲ့ တခြားသော ကျန်းမာရေးအစုအဖွဲ့တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ