spot_img
16.3 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းလွိုင်ကော်က စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး ဗိုလ်တစ်ဦးအပါအဝင် ၉ဦး သေဆုံး ၊ ၄ ဦးအရှင်ဖမ်းမိ

လွိုင်ကော်က စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး ဗိုလ်တစ်ဦးအပါအဝင် ၉ဦး သေဆုံး ၊ ၄ ဦးအရှင်ဖမ်းမိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ လွိုင်ကော်မြို့ပြင်မှာရှိတဲ့ အောင်သပြေဂူ ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဗိုလ်တစ်ဦးအပါအဝင် ၉ဦး သေဆုံးပြီး ၄ဦး အရှင်ဖမ်းမိကာ လက်နက် (၁၂) လက် သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ၂ပွင့်အဆင့် ဗိုလ်တစ်ဦး ၊ တပ်ကြပ်တစ်ဦး အပါအဝင် ၉ ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် MA-1 (၇)လက်၊ MA-11(၄)လက် နဲ့ MA-3 (၁)လက် စုစုပေါင်း သေနတ် (၁၂)လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲက တစ်ရက်ပဲ တစ်မနက်ပဲ တစ်နာရီ နှစ်နာရီလောက်နဲ့ စခန်းသိမ်းပြီးသွားတယ်။”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

အဆိုပါ တပ်စခန်းဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ တပ်စွဲ အခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

“အဲ့စခန်းက မကြာဘူး ဆီဆိုင်ကနေ လွိုင်ကော် ပြန်ထိုးလာတဲ့ အချိန်မှာပဲ။ အောင်သပြေ ထိကို ကာကင်းတပ်ယူတာ။ ပြီးခဲ့တဲ့ရာသီပဲပေါ့ ဆီဆိုင် တိုက်ပွဲထိုးပြီး လွိုင်ကော်ကို ပြန်ထိုးတယ် တောက်လျှောက်ပဲ သူတို့ ကာကင်းယူတဲ့အချိန်ပဲ အရင်ကမရှိဘူး။ “ လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

အဆိုပါ အောင်သပြေဂူ ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗျူဟာအမှတ် – ၂၊ KNDF တပ်ရင်းအမှတ် – ၂၊ KNDF တပ်ရင်းအမှတ် – ၁၄၊ KNDF UAV နဲ့ Loikaw PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ စစ်ကောင်စီက ပြန်လည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လွိုင်ကော်မြို့မှတဆင့် အခြားနေရာဒေသတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် လူထုအနေနဲ့လည်း စစ်ရေးအခြေအနေကို နားစွင့်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းအသိပေးပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ