spot_img
24.9 C
Loikaw
Thursday 9, October 2025
spot_img
Homeသတင်းစခန်းတွင်း လူမှုပတ်ဝန်းကျင် ကျန်းမာရေးကို ဆောင်ရွက်နေတဲ့ Environment Health (EH) လုပ်ငန်းလည်း ရပ်ဆိုင်းခံရပေမယ့် စေတနာ့ဝန်ထမ်းတွေနဲ့ ဆက်လက်ဆောင်ရွက်မယ်လို့ ဆို

စခန်းတွင်း လူမှုပတ်ဝန်းကျင် ကျန်းမာရေးကို ဆောင်ရွက်နေတဲ့ Environment Health (EH) လုပ်ငန်းလည်း ရပ်ဆိုင်းခံရပေမယ့် စေတနာ့ဝန်ထမ်းတွေနဲ့ ဆက်လက်ဆောင်ရွက်မယ်လို့ ဆို

-

ကန္တာရဝတီတိုင်း ( မ် )

နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ကော်မတီ (IRC)လက်အောက်က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်တဲ့ထဲ ကရင်နီဒုက္ခသည်စခန်း (၁)မှာ လူမှုပတ်ဝန်းကျင် ကျန်းမာရေးကို ဆောင်ရွက်နေတဲ့ Environment Health (EH) လုပ်ငန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

Environment Health Program (ပတ်ဝန်းကျင်ကျန်းမာရေး) ဟာ IRC ကနေ တိုက်ရိုက် ထောက်ပံ့ပေးနေတာဖြစ်ပြီး ကဏ္ဍခွဲ ၆ ခုရှိတယ်လို့ သိရပါတယ်။ အရေးကြီးတဲ့ ရေဖြန့်ဝေခြင်း နဲ့ အမှိုက်သိမ်းစနစ်ကို ဝန်ထမ်းတချို့က စေတနာ့ဝန်ထမ်းတွေအဖြစ် လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကဏ္ဍခွဲ ၆ခုကတော့ Pipe Line Team (ပိုက်လိုင်းတပ်ဆင်ရေးအဖွဲ့ ) ၊ Construction and stove making Team (ဆောက်လုပ်ရေးနဲ့ မီးဖိုထုတ်လုပ်ရေးအဖွဲ့)၊ School EH and EH Volunteer ၊ Soap Production Team (ဆပ်ပြာထုတ်လုပ်ရေးအဖွဲ့)၊ Vector control and garbage collection ( VG Team – ကူးစက်ရောဂါထိန်းချုပ်ရေးနှင့်အမှိုက်သန့်ရှင်းရေး) ၊ Chlorine Team (ကလိုရင်းဆေးခတ်ခြင်း) တို့ ဖြစ်ပါတယ်။

လူထုတွေ ဝန်ဆောင်မှု ရယူနေတဲ့ လုပ်ငန်းတွေရပ်ဆိုင်းခံလိုက်ရတာကြောင့် ငွေးကြေးကြပ်တည်းတဲ့ စခန်းနေ မိသားစုတွေအတွက် အခက်အခဲဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ ရေအခက်အခဲမဖြစ်စေဖို့အတွက် စေတနာ့ဝန်ထမ်းတွေကနေ စီမံခန့်ခွဲသွားမယ်လို့ ဆိုပါတယ်။

“အကယ်၍ EH မရှိတော့ဘူးဆိုရင် ရေပြဿနာရှိလာနိုင်တယ်။ နွေရောက်တော့မယ်ဆိုတော့ ပိုဆိုးနိုင်တယ်။ ပြီးတော့ အမှိုက်တွေပွတာပိုများလာမယ်။ အရင် EH ကလိုက်ကောက်ပေးတုန်းကဆိုရင် တောင် အမှိုက်တွေက ပွနေသေးတာ မရှိရင် ပိုဆိုးမှာ။“ လို့ စခန်းမှာနေထိုင်တဲ့ ခူးဖရဲ့ရယ်ကပြောပါတယ်။

ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) မှာ International Rescue Committee (IRC)က ထောက်ပံ့ပေးနေတဲ့ ကျန်းမာရေးနဲ့ဆက်စပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းအားလုံးကို ရက်ပေါင်း ၉၀ ရပ်ဆိုင်းလိုက်ပြီး နောက်ပိုင်း ဖြစ်ပေါ်လာမယ့် အပြောင်းအလဲပေါ်မူတည်ကာ environment Health လုပ်ငန်းကဏ္ဍတွေကို နည်းလမ်းရှာဖွေပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ