spot_img
30.2 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းတော်လှန်ရေးကာလအတွင်း အင်းလေး PDF အမှတ်(၁၀၀၉) တပ်ရင်းက ရဲဘော် ၁၂ ဦး ကျဆုံးခဲ့

တော်လှန်ရေးကာလအတွင်း အင်းလေး PDF အမှတ်(၁၀၀၉) တပ်ရင်းက ရဲဘော် ၁၂ ဦး ကျဆုံးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့ အင်းလေး PDF အမှတ်(၁၀၀၉) တပ်ရင်းဟာ တော်လှန်ရေးကာလတစ်လျှောက် ရဲဘော် ၁၂ ဦးကျဆုံးခဲ့တယ်လို့ အင်းလေး PDF ၁၀၀၉ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“တပ်ရင်းဖွဲ့စည်းပြီး လှုပ်ရှားခဲ့တဲ့ တော်လှန်ရေးတစ်လျှောက်မှာ ကျဆုံးရဲဘော် ၁၂ ဦးပါ။”လို့ အင်းလေး PDF ၁၀၀၉ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့မှာလည်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ၂ဦးကျဆုံးခဲ့တာပါ။

အဆိုပါ ကျဆုံးရဲဘော် နှစ်ဦးဟာ တပ်ခွဲ ( ၂ ) ဒု တပ်ခွဲမှူး ရဲဘော် ဝေယံနိုင်း( ခ ) ဘကြီးနဲ့ တပ်ခွဲ ( ၁ ) ဒုတပ်စိပ်မှူး ရဲဘော်လင်းထက်ပိုင် ( ခ ) ဇော်ပိုင်တို့ဖြစ်တယ်လို့ အင်းလေး PDF အမှတ်(၁၀၀၉) တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုဆက်ပြောပါတယ်။

“ရဲဘော်ဘကြီးကတော့ တစ်ယောက်က စနိုက်ဘာနဲ့ ရဲဘော်ဇော်ပိုင်က ၇၉ နဲ့ပါ။ ရဲဘော်ဘကြီးက ခေါင်းအပစ်ခံလိုက်ရပါတယ်။ အနီးကပ်ဆိုတော့ ကျည်ကာဦးထုပ်လဲ ကြေမွသွားတယ်။ ရဲဘော်ဇော်ပိုင်ကဘယ်ဘက်ဗိုက်ကို ၇၉ ထိသွားတာပါ။”လို့ သူကဆိုပါတယ်။

ရဲဘော်ဘကြီးဟာ အသက် ၂၂ နှစ်အရွယ်ရှိပြီး တပ်ဖွဲ့ စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့ကာ ရဲဘော်ဇော်ပိုင်ကတော့ အသက် ၂၀ အရွယ် တပ်ဖွဲ့မှာတာဝန်ထမ်းဆောင်ခဲ့တာ တစ်နှစ်ကျော်ပြီလို့ ဆိုပါတယ်။

အဆိုပါ မတ်လ ၂၄ ရက်နေ့မှာ ကျဆုံးခဲ့တဲ့ ရဲဘော်နှစ်ဦးရဲ့ စျာပနာ အခမ်းအနားကိုလည်း မတ်လ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ အင်းလေး PDF အမှတ်(၁၀၀၉) တပ်ရင်းဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ