spot_img
30.2 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် ၊ လူနေအိမ်ပျက်စီး

ကရင်နီကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် ၊ လူနေအိမ်ပျက်စီး

-

ကန္တာရ၀တီတိုင်း (မ်)

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စုအတွင်းကို ဒီကနေ့ မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ၀န်းကျင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး လူနေအိမ်တစ်လုံး ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တခြားတော့ဘာမှ မထိဘူး။ လေယာဥ် အဲ့လိုလာကြဲပြီးတော့ပြန်သွားတယ်။ သုံးခေါက်လာတယ် ပထမတစ်ခေါက်မှာ ကြဲသွားပြီးတော့ နောက်နှစ်‌ခေါက်ထပ်လာတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါင် ၅၀၀ တစ်လုံး ၊ ပေါင် ၃၀၀ တစ်လုံး စုစုပေါင်း ဗုံး ၂ လုံးကြဲချခဲ့တာဖြစ်ပြီး အရပ်သားထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ယခုရက်ပိုင်း ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရပြီး ပြည်သူလူထု ထိခိုက်သေဆုံးမှု ထောင်နဲ့ချီရှိနေချိန်မှာပဲ စစ်ကောင်စီတပ်က အခုလို ကရင်နီပြည်အပါအ၀င် တခြားနေရာဒေသတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်နေပါတယ်။

ငလျင်လှုပ်ခတ်သွားတဲ့ မတ်လ ၂၈ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

တော်ခူကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့တာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ