spot_img
24.8 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဝမ်မလန်းစခန်းသိမ်းတိုက်ပွဲအတွင်း ဘောလခဲ PDF အမှတ်(၁၁၀၅) တပ်ရင်းမှ တပ်ဖွဲ့၀င် ၃ဦးကျဆုံးခဲ့

ဝမ်မလန်းစခန်းသိမ်းတိုက်ပွဲအတွင်း ဘောလခဲ PDF အမှတ်(၁၁၀၅) တပ်ရင်းမှ တပ်ဖွဲ့၀င် ၃ဦးကျဆုံးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဘောလခဲမြို့နယ် အတွင်းက စစ်ကောင်စီတပ်ရဲ့ စစ်ဗျူဟာအခြေချတပ်ဖြစ်တဲ့ ဝမ်မလန်းစခန်းသိမ်းတိုက်ပွဲအတွင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းအမှတ်-၁၁၀၅ တပ်ရင်းမှ တပ်ဖွဲ့၀င် ၃ဦး ကျဆုံးခဲ့တယ်လို့ ဒီကနေ့ ဧပြီလ ၄ရက်နေ့မှာ ဘောလခဲ PDF ကအသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ တပ်ဖွဲ့၀င် ၃ဦးဟာ ဒဲနီယယ်လေး(ခ)ခွားဒို ၊ပိုင်သိန်းချစ်(ခ)ရှမ်ဖူး နဲ့ အယ်ဒိုထူး တို့ပဲ ဖြစ်ပြီး မတ်လ ၁၂ ရက်နေ့မှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ စစ်ကောင်စီ ရဲ့ စစ်ဗျူဟာအခြေချတပ်ဖြစ်တဲ့ ဝမ်မလန်းတပ်စခန်းကိုတော့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာပါ။

ဝမ်မလန်း တပ်စခန်း သိမ်းပိုက်ရရှိခဲ့တဲ့ ရက်အတွင်းမှာလည်း တော်လှန်ရေးပူးပေါင်းတပ်ဖက်က တစ်ဦး ကျဆုံးခဲ့သလို စစ်ကောင်စီ ဖက်လည်း အကျအဆုံးရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖက်က လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် မတ်လ တစ်လအတွင်းမှာ ဘောလခဲမြို့နယ်က စစ်ကောင်စီ ကာကင်းစခန်း ၅ ခု ဖြစ်တဲ့ အမှိုက်ကျင်း ၊ကျောက်ခွဲစက် ၊ရေကျော် ၊ရေနီပေါက် ၊ ၀မ်ပလန်း(ဝမ်မလန်း) စတဲ့စခန်းတွေကို ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ – Joint Chiefs of Staff (JCS) က သိမ်းပိုက်ရရှိနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

ဘောလခဲမြို့နဲ့ ဖားဆောင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီတော်လှန်ရေး အင်အားစုက ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ