spot_img
26.2 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမယ်စဲ့မြို့နယ်က ကလလတ ရုံးကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ နေအိမ် တစ်လုံးနဲ့ အဆောက်အဦး အချို့ ထိခိုက်မှုရှိ

မယ်စဲ့မြို့နယ်က ကလလတ ရုံးကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ နေအိမ် တစ်လုံးနဲ့ အဆောက်အဦး အချို့ ထိခိုက်မှုရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်း က ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ရဲ့ ရုံးကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် တစ်လုံးအပြင် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် တခြားထိခိုက်မှု အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ မယ်စဲ့ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် ၂နာရီမှာ လေယာဥ်နဲ့ ၂ကြိမ် ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ‌ဒေသခံ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လူနေအိမ် တစ်လုံးထိတယ်။ ကလလတ ရုံးချုပ် အဆောက်အဦးတော့ တော်တော်ထိသွားတယ်။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ တစ်ကြိမ်ကို ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဗုံးကြဲတိုက်ခိုက်မှုနဲ့ပါတ်သက်ပြီး ကလလတ တာဝန်ရှိသူတွေကို ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ