spot_img
21.7 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းမိုးဗြဲမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ Mobye Local PDF ရဲဘော်တစ်ဦး စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး စိုးရိမ်ရ

မိုးဗြဲမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ Mobye Local PDF ရဲဘော်တစ်ဦး စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး စိုးရိမ်ရ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေ လက်လွတ်ခဲ့ရတဲ့ ရှေ့ကာကင်းအချို့ကို ပြန်လည်ခြေကုပ် တိုက်ခိုက်ကြရာကနေ Mobye Local PDF ရဲဘော်တစ်ဦးမှ စစ်ကောင်စီရဲ့ စနိုက်ဘာဖြင့် ပစ်ခတ်ခံရတယ်လို့ Mobye Local PDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။

ယမန်နေ့ မေလ ၂၃ ရက်နေ့မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်သွားတဲ့ရဲဘော်ဟာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ Mobye Local PDF တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ စနိုက်ဘာနဲ့ ထိခိုက်သွားတဲ့ရဲဘော်ကတော့ နည်းနည်းစိုးရိမ်ရတာပေါ့။ အဆုတ်တော့ထိသွားတယ်။”လို့ Mobye Local PDF တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တော်လှန်ရေးတပ်ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် PNO ပူးပေါင်းတပ်နဲ့အတူ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် နေ့စဥ်တိုက်ပွဲဖြစ်ပွားနေတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဟာ လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် စာသင်ကျောင်းအပြင် လူထုနေအိမ်အချို့ ထိခိုက်ပျက်စီးတာ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တို့ ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ Mobye Local PDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေသလို နှစ်ဖက်အထိခိုက် ကျဆုံးမှုတွေလည်းရှိနေတယ်လို့‌ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ