spot_img
26.2 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုက စစ်ရှောင်စခန်းတစ်နေရာမှာ မူလတန်းကျောင်းဆောင် ဆောက်လုပ်ဖို့ အကူအညီတွေ လိုအပ်နေ

ဒီးမော့ဆိုက စစ်ရှောင်စခန်းတစ်နေရာမှာ မူလတန်းကျောင်းဆောင် ဆောက်လုပ်ဖို့ အကူအညီတွေ လိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတစ်နေရာမှာ မူလတန်းကျောင်းဆောင် ပြန်လည်ဆောက်လုပ်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်မှာ ကျောင်းဆောင်တွေကို ယာယီမိုးကာတဲတွေနဲ့ပဲ ဆောက်လုပ်ထားတာကြောင့် ယခုစာသင်နှစ်အတွက် ပြန်လည်အသုံးပြုဖို့ အဆင်မပြေတော့ကြောင်းကို တာဝန်ရှိသူ ကျောင်းဆရာ တစ်ဦးက အခုလို ပြောပါတယ်။

“အရင်နှစ်က ကျောင်းဆောင်တွေကို မိုးကာနဲ့ပဲ ယာယီ လုပ်ထားတာပေါ့နော်။ ယခုနှစ် ပြန်အသုံးပြုဖို့ အဆင်မပြေနိုင်တော့ အစကနေ တခါပြန်စဆောက်ရတယ်” လို့ အဆိုပါ ကျောင်းဆရာက ပြောပါတယ်။

အခုလက်ရှိမှာတော့ အကူအညီတွေ မရရှိသေးတာကြောင့် မိဘတွေရဲ့ လုပ်အားတွေနဲ့ပဲ လုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ မူလတန်းကနေ အထက်တန်းထိ ဖွင့်လှစ်ထားတာ ဖြစ်ပြီး အလယ်တန်းနဲ့ အထက်တန်းကိုတော့ ဖွင့်လှစ်သွားတော့မှာ ဖြစ်ပေမယ့် ကျောင်းဆောင်ဆောက်လုပ်ဖို့ ပြင်ဆင်နေဆဲဖြစ်တဲ့ မူလတန်းကိုတော့ ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါကျောင်းမှာ မူလတန်းတက်ရမဲ့ ကျောင်းသား/သူ ဦးရေ (၅၀) ဝန်းကျင်ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ